part (13)

853 76 9
                                    

Unicode

အခန်းတစ်ခုလုံးကို အ​ပြာရင့်ရောင်ဆေးအသစ်ပြန်သုတ်ရတယ်။
ဖြူက အဖြူရောင်ကြိုက်သူမို့ ပန်းချီခန်းတစ်ခုလုံးမှာ အဖြူရောင်ကိုပဲအပြည့်သုံးထားတာ။ ပရိဘောဂတွေက ​ကျွန်းဖြစ်တာမို့ ဖြူ့ပန်းချီခန်းကလင်းနေတာပဲ။ ပန်းချီခန်းကို အကြီးစားပြင်ဆင်မှုတစ်ချို့ပြန်လုပ်တာမို့ ရက်ပေါင်းများစွာမအားမလပ်ဖြစ်နေကြရခြင်းဖြစ်သည်။ သတိုးကတော့ အနည်းငယ်ရင့်တဲ့အ​ရောင်ကိုမှ ကြိုက်တတ်သူပါ။

ဖြူ့လက်ရာပန်းချီတွေကို ပန်းချီခန်းမှာလှလှပပချိတ်ဆွဲပြသထားတယ်။
အချို့ပန်းချီတွေဟာ ဓာတ်ပုံကိုပုံတူကူးဆွဲထားတာတွေဖြစ်ပြီး မူရင်းဓာတ်ပုံကိုတော့ ပန်းချီကားနဲ့အတူတွဲချိတ်ထားတယ်။ ထိုဓာတ်ပုံများစွာကိုရိုက်ထားသူကတော့ သတိုးကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကမ္ဘာအနှံ့သွားလာနေတုန်းက နေရာစုံမှာရိုက်ခဲ့တဲ့ပုံပေါင်းများစွာ သတိုးမှာရှိပါတယ်။ ကမ္ဘာကျော်နေရာတွေကိုရောက်တဲ့အခါ သမိုင်းဝင်အဆောက်အဦးတွေကို သတိုးကဓာတ်ပုံအမြဲရိုက်တတ်တယ်။ ရိုက်ပြီးသမျှပုံတွေကိုလဲ ဖြူ့ဆီကိုပို့တတ်တာမို့ ဖြူက သူသဘောကျတဲ့ဓာတ်ပုံတွေကို ကူးဆွဲလေ့ရှိပါတယ်။ အများအားဖြင့်တော့ ရှုခင်းပုံလှလှလေးတွေကို ဆွဲတတ်ပါတယ်။
ပြီးရင်တော့ သတိုးကိုလက်ဆောင်ပေးတယ်။
ဖြူပေးထားတဲ့အမှတ်တရလက်ဆောင်ပန်းချီကားတွေ သတိုးမှာတော်တော်များများရှိတယ်။ နိုင်ငံခြားသားတွေ ဘယ်လိုပဲတောင်းဝယ်ပါစေ... သတိုးက မရောင်းခဲ့ဘူး။ သွားလေရာကိုသယ်တယ်။ သတိုးနေတဲ့အိမ်မှာအလှဆင်ပစ္စည်းဘာမှမရှိပေမဲ့ ဖြူ့လက်ရာပန်းချီတွေကတော့ အမြဲရှိတယ်။
.
.
.

''ဟင်... ပန်းချီခန်းကမှောင်မှောင်ကြီးဖြစ်သွားတာလား...''

နောက်ကကြားလိုက်ရတဲ့အသံကြောင့် သတိုးလှည့်ကြည့်မိတယ်။
တီရှပ်ပွပွနဲ့ ဘောင်းဘီတိုက ပေါင်လောက်အထိပဲရှည်တယ်။ ဘောင်းဘီကတိုလွန်းတာမို့ တီရှပ်​ကြီးရဲ့အောက်မှာ အောက်နားစလေးပဲထွက်နေတယ်။ ဝတ်လိုက်ရင်လဲ မပေါ်တပေါ်တွေကများနေတာကို သတိုးသတိထားမိတာကြာပြီ။ အလုပ်ကိစ္စတွေများနေတာကြောင့်ရော တစ်ခုခုပြောရတိုင်းတစ်ခါရန်သတ်​ရောတာရောကြောင့်တော်ရုံနဲ့ စကားမပြောဖြစ်ကြ။ ဘာဖက်ရှင်လဲမသိပေမဲ့ သတိုးမျက်လုံးထဲတော့ နောက်နေတာပဲ။

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now