part (31)

716 52 14
                                    

Unicode

မနက်ခင်းနေရောင်က အခန်းပြတင်းကနေကျော်ကာ အိပ်ယာပေါ်မှာအိပ်နေဆဲ ရာစုမျက်နှာပေါ်ကိုကျလာတယ်။ စူးပြီးဝင်လာတဲ့အလင်းရောင်ကိုမခံနိုင်စွာ ရာစုမျက်နှာလေးရှုံ့မဲ့သွားတယ်။ ချက်ချင်းခေါင်းထဲကိုဝင်လာတာက စာမေးပွဲပြီးပြီ။

''ဟင်း..... အိပ်ချင်သေးတယ်.....''

မျက်လုံးအစုံကိုမဖွင့်သေးဘဲ တစ်ယောက်ထဲပြောတယ်။ လက်နှစ်ဖက်လုံးကိုမျက်နှာနားမှာကွယ်ကာ ကုတင်ပေါ်တစ်ပတ်လှိမ့်ချလိုက်တယ်။ ထောင့်ကိုကပ်သွားသည်အထိကပ်ပြီးဆက်အိပ်ဖို့ကြိုးစားတယ်။

''ထတော့.... မနက်ကိုးနာရီခွဲ​ပြီနော်... သည်ရာစုနှစ်''

ဟမ်... ဒါ....ဒါ....ဘယ်ကအသံလဲ...ဘယ်လိုလုပ် ရာစုအခန်းထဲမှာ သူ့အသံကြားရတာလဲ။
ဝုန်းခနဲအိပ်ယာပေါ်ကနေထထိုင်ပစ်မိတယ်။
အိပ်ချင်မူးတူးစိတ်တွေအကုန်ပျောက်ကာ ရင်ထဲတဒိန်းဒိန်းနဲ့ လန့်တာ လန့်တာ။

''ကဲ.... နိုးတော်မူပြီလား.... ကိုယ်တော်မြတ်လေး....''

လက်မှာ နာရီပတ်ရင်းပြောနေသူက ရေချိုးပြီးအဝတ်အစားပါအပြည့်အစုံဝတ်ပြီးနေလေပြီ။ အလုပ်ကိုသွားဖို့တောင်အသင့်ဖြစ်နေပြီ။ သေသပ်စွာဖြီးသင်ထားသော ဆံပင်တွေက အနောက်တိုင်းဝတ်စုံနှင့်လိုက်ဖက်စွာ။ မျက်နှာပေါ်မှာရှိတဲ့ ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးတွေကိုရိတ်သင်ထားတာကြောင့် ပိုပြီးရှင်းသန့်တည်ကြည်နေတော့တာ။

ကိုယ့်ဘာကိုယ်ဘာတွေလုပ်မိမှန်းမသိတော့လို့လန့်ရတာတစ်မျိုး.... သူ့ရဲ့ရုပ်ရည်ကိုငေးမိရင်း လန့်ရတာတစ်မျိုး။ ဒီတိုင်းပုံမှန်မှာပင် သူ့စတိုင်ကအမိုက်စားကြီးဖြစ်နေတာ။ အခုလိုဝတ်စားထားတော့ပိုဆိုး။

ဦးသတိုးစည်သူဇေယျကလေ.... ရုပ်ရည်ချောမောတာမျိုးထက် တည်ကြည်ငြိမ်းချမ်းမှုကြောင့် ဆွဲဆောင်မှုရှိသလိုဖြစ်နေတာကို ရာစုသတိထားမိတယ်။ မင်းသားတစ်ယောက်လိုချောမောလွန်းတာမဟုတ်ဘဲ ယုံကြည်ထိုက်သူ လေးစားထိုက်သူ ယောကျားကောင်းတစ်ယောက်ပုံစံက ဖုံးဖိမရဖြစ်လွန်းနေတာ။ ရာစုတောင် တစ်ခါတစ်လေ သူ့အကြည့် သူ့ပုံစံကြောင့်ရန်ထောင်လက်စတွေ မေ့ခဲ့သေးတာသိကြတယ်မှလား။ သူနဲ့ကြာကြာစကားပြောဖို့ကိုတောင် ရာစုအရမ်းကြိုးစားရတာ။

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now