part (38)

747 60 8
                                    

Unicode

''မင်း... ညံ့တာပဲကွ... ဝေဟင်ရ''

ဦးရန်ပြေရဲ့ခပ်မဲ့မဲ့​ပြုံးရင်း ပြောလာတဲ့အပြောကြောင့် ဝေဟင်မျက်နှာပျက်တယ်။ ရင်ထဲမှာ မခံချင်စိတ်ကတဖွားဖွား.... ဝေဟင်ဆိုတာ လိုချင်တာကိုတောင်းယူစရာတောင်မလိုတဲ့အထိပြည့်စုံခဲ့တဲ့ကောင်။ ရာစုနဲ့ကျမှ ကိုယ်တိုင်လည်စင်းပေးချင်စိတ်ဖြစ်ရတာ။ ပျော့ပျောင်းတဲ့သဘောထားရှိပြီး ကလေးငယ်လိုနေတတ်တဲ့ရာစုက ဒီလိုမာကြောနေမယ်လို့ထင်မထားခဲ့ဘူး။ ကိုင်တွယ်ရခက်မယ်လို့လဲထင်မထားတဲ့အပြင် ကိုယ့်ထက်ပိုပြီးချစ်နေရမဲ့သူရှိမယ်လို့ပါမထင်မိခဲ့တာဆိုရင်ပိုပြီးမှန်မယ်။

''ဟာ.... ဦးရန်ပြေကလဲ.... ရာစုက ချော့ပြောမှရတာ... ကြမ်းရင် မရဘူး''

ဒါကလဲ ဝေဟင့်ရင်ထဲကစကားပါပဲ။ ရာစုက ကလေးငယ်လိုပဲမို့ ချော့မှဖြစ်မှာ။

''တကယ်မကြမ်းသေးလို့ပါကွာ....အလကား ချော့ပြောမှရတယ်ဆိုတဲ့ဟာတွေ ကြမ်းမှပြီးတာ... မင်းကို နည်းလမ်းတွေ ငါ သင်ပေးရမလား''

ဦးရန်ပြေက ဝေဟင့်အမြင်မှာ အရမ်းကိုကြည့်ကောင်းပြီးသတ္တိရှိတယ်။ ယောကျားတစ်ယောက်ရဲ့ ရဲရင့်ခြင်းတွေအပြည့်။ ဘယ်အချိန်မဆို လိုချင်တာကိုမရမရှိကြိုးစားပိုင်ဆိုင်ချင်သူတစ်ယောက်ပဲ။ ဖေဖေက ဦးရန်ပြေငြိမ်းကိုအမြဲ စိတ်လျှော့ဖို့ပဲ ပြောနေတာတော့ကြားတယ်။ အဲ့လိုပြောတိုင်းလဲ ဦးရန်ပြေက ခပ်ပြုံးပြုံးပဲတုန့်ပြန်တတ်ပေမဲ့ မျက်လုံးတွေကတော့ ဖြစ်ချင်တာကိုဘယ်တော့မှလက်မလျှော့ဘူးလို့ပြောနေတာသေချာတယ်။ ဦးရန်ပြေအကြောင်းကို ဒီထက်ပိုပြီး ဝေဟင်သ်ိချင်သေးတယ်။ ပွဲရုံနဲ့ကုန်ကားများစွာပိုင်ဆိုင်ပြီး အရမ်းချမ်းသာတဲ့မိဘတွေကမွေးဖွားခဲ့ပြီး ထောင်နှစ်ခါကျတဲ့အထိဆိုးသွမ်းသူတဲ့။ သူခေတ်သူ့အခါတုန်းက သူ့မြို့မှာနယ်မည်ကြီးသူတစ်ယောက်ဖြစ်ခဲ့တာတော်ရုံမဟုတ်တဲ့အထိတဲ့။

ဝေဟင် ဦးရန်ပြေကိုနည်းနည်းတော့ဖျားသွားရသည်အထိ ဖြစ်ရတယ်။ ဒီလူဟာ ရာစုရဲ့အဖေအရင်းတဲ့လား။ ရုပ်ချင်းဆင်သလိုလိုပေမဲ့ စရိုက်ချင်းကကွာလွန်းတယ်။ ဦးရန်ပြေက အရမ်းသတ္တိရှိတဲ့ပုံစံဖြစ်ပေမဲ့ ရာစုကတော့ယုန်ဖြူလေးတစ်ကောင်လို ဖြစ်သည်။
.
.
.

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now