UNICODE
ဝမ်ကုန်းဇီက သူ့သမီးကို ဒီလို အထင်ကြီးလေးစားခံရသည့်နေရာမှာ ထားထားတာကို အမတ်ချန်းယီက စိတ်ကျေနပ်သည်လို့ ပြောရမည်။ ပြီးခဲ့တဲ့ရက်တွေမှာ အဆင့်မြင့်မင်းမှုထမ်းတွေနှင့် သူ့လုပ်ဖော်ကိုင်ဘက်တွေရဲ့ အပြုအမူက ပိုပြီး ဖော်ရွေပျူငှါလာလို့ အမတ်ချန်းယီရဲ့တစ်ကိုယ်လုံးက တက်ကြွမှုတွေဖြင့် ပြည့်နေသည်။
သိပ်မကြာခင်မှာ သူက ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာ၏ လက်ထောက်ဝန်ကြီးဆိုသည့် သူ့မင်းမှုထမ်းနေရာမှ "အစားထိုး" ဆိုသည့် စကားကိုဖယ်ထုတ်နိုင်တော့မည်ဖြစ်သည်။ အမတ်ချန်းယီက လှပသည့်အိပ်မက်ကနေ သူ့ကိုယ်သူ ရုန်းမထွက်နိုင်ပေ။
ပန်းပွင့်နှင့်ကျောက်စိမ်းလိုလှပသည့် သူ့သမီးလေးယောက်ထဲတွင် သူ၏ အလှဆုံးစတုတ္ထသမီးက အကောင်းဆုံးလက်ထပ်မှုကို ရရှိထားသည်။ အဓိပ္ပါယ်ကတော့ အမတ်ချန်းယီအတွက် အကောင်းဆုံးအထောက်အပံ့ဖြစ်တာကို သက်သေပြနေတာဖြစ်သည်။ ရှန်းတယ့်နန်းစံနှစ်ထဲတွင် သူကောင်းအမတ်ဆိုသည့် ဘွဲ့က အုပ်ချုပ်ရေးပိုင်းမှ လစာပေးထားသည့် ဘွဲ့သက်သက်သာဖြစ်ပြီး ဧကရာဇ်မှ အပိုင်စားပေးထားသည့် နယ်မြေဆိုတာမရှိပေ။ (T/N: လွမ်ရှီရဲ့အဖေက လက်ထောက်ဝန်ကြီးတောင်မှ အစားထိုးဆိုတဲ့နေရာမှာပဲ ရတဲ့အမတ်တစ်ယောက်ပါ။ သူကောင်းဘွဲ့ပေးထားတဲ့အမတ်ဖြစ်ပြီးတော့ တခြား မှူးမတ်နယ်စားတွေလို မြို့အပိုင်နယ်အပိုင်ပေးထားတာမျိုးတွေမရှိဘူး။ ပြီးတော့ မင်းမှုထမ်းစာမေးပွဲဖြေပြီးရလာတဲ့ နေရာလည်းမဟုတ်ဘူး)
ကျယ်ဝန်းသည့် မြို့တော်လို နေရာအတွင်းမှာ တကယ့်အာဏာရှိသည့် မင်းမှုထမ်းနှင့် မယှဉ်နိုင်ဘဲ နက်နက်ရှိုင်းရှိုင်းနောက်ခံရှိသည့် ထောက်ပံ့ပေးသူကို ရှာဖို့ဆိုတာ မလွယ်လှပေ။
ပြီးခဲ့သည့်မျိုးဆက်တွေထဲမှာ ထူးချွန်သည့်ဂျူနီယာတွေ နည်းပါးဖို့ လွမ်မိသားစုကို ဘယ်သူပြောထားလဲ? သူတို့တွေက အမတ်စံအိမ်ရဲ့မိသားစုပိုင်တွေကိုသာ အုပ်ချုပ်နိုင်သည်။
အမတ်ချန်းယီက ရည်မှန်းကြီးသည့် ယောကျာ်းတစ်ယောက်ဖြစ်သည်။ ပန်းတွေလှသည့် ကိုယ်လုပ်တော်တွေနှင့် တူညီသည့်ဆွဲဆောင်မှုတွေနှင့် သမီးတွေကို မွေးဖွားခဲ့သည်။ သူ့အကျိုးအမြတ်အတွက် လက်ထပ်သည့်မဟာမိတ်ကို ဘယ်လိုဖွဲ့ရင်ကောင်းမလဲဆိုပြီး တွေးရာကနေ သူ့တရားဝင်သမီးကို သုံးပြီး အဆင့်အတန်းပိုမြင့်သည့် မှူးမတ်ဟွေးယန်စံအိမ်နှင့် ဆက်နွယ်ခဲ့သည်။
![](https://img.wattpad.com/cover/330329901-288-k113879.jpg)
YOU ARE READING
ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့
RomanceType : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com/series/transmigrating-into-the-female-supporting-character-with-a-good-life-in-a-laid-back-novel/ Fully Credit to Original English Translat...