Happy Thadingyut!!
Here's the new chapter for Thadingyut Festival. Hope You Enjoy!!
UNICODE
ပင်မခြံဝန်း
လွမ်ရှီက ဝင်ခွင့်ရပြီးနောက် နောက်ဆုံးမှာ သူမရဲ့တရားဝင်မိခင်ကို တွေ့ရပြီဖြစ်သည်။ ကျန်းရှီက ဘဏ္ဍာထိန်းတွေရဲ့ အစီရင်ခံနေတာကို နားထောင်ရင်း အလုပ်ရှုပ်နေသည်။
အရမ်းကို သိတတ်သည့်အပြုအမူနှင့် လွမ်ရှီက ဘေးမှာ မတ်တပ်ရပ်ရင်း မားမားကောင်း သူမကို မမြင်ခင်အထိ စောင့်နေသည်။ ထို့နောက် မားမားကောင်းက ဘေးခန်းမကို ခေါ်သွားပြီး ရေနွေးနှင့် မုန့်တို့ချပေးလေသည်။
နှစ်နာရီလောက်ကြာပြီးနောက် သူမရဲ့တရားဝင်မိခင်က သူမကိစ္စတွေ ဖြေရှင်းလို့အပြီးမှာ ဘေးခန်းမဆီရောက်လာသည်။ ခဏလောက် လွမ်ရှီရဲ့ အဝတ်အစားသစ်ကို ကြည့်လိုက်မိသည်။
လွမ်ရှီက အမြန်မတ်တပ်ရပ်ပြီး ဒူးညွှတ်ကာ အရိုအသေပေးလိုက်သည်။
"ဒီသမီးလွမ်ရှီက မိခင်ကို ဂါရဝပြုပါတယ်"
"ထ" ကျန်းရှီက ခုံမှာမထိုင်ခင် ပြုံးကာ ပြောလိုက်သည်။
သူမပြောသည်နှင့် လွမ်ရှီက အနေအထား ခပ်မတ်မတ်ပြန်နေလိုက်သည်။
"စစ်ညန် အခု သမီးက ဝမ်ကုန်းဇီရဲ့ သတို့သမီးလောင်းဖြစ်နေပြီ။ သမီးရဲ့တရားဝင်မိခင်အနေနဲ့ သမီးကို အမေက အိမ်ထိန်းသိမ်းမှုနဲ့ ဆက်ဆံရေးတွေ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမယ်။ သမီးက အမတ်စံအိမ်ရဲ့ ဂုဏ်သတင်းကို မပျက်ဆီးမိအောင်လို့ပေါ့"
ကျန်းရှီက စကားပြောချိန်မှာ အပြုံးကို ထိန်းထားပြီး ကွေ့ကောက်ခြင်းမရှိဘဲ လိုရင်းကိုသာ ပြောသည်။ သူမအသံကတော့ အရမ်းကို တင်းတင်းကြပ်ကြပ်ရှိသည်။
"ကျေးဇူးအများကြီးတင်ပါတယ် အမေ။ စောင့်ရှောက်ပေးတဲ့အတွက် အမေ့ကို ကျေးဇူးတင်ပါတယ်။ ဒီသမီးက သေချာပေါက် အမေ့ညွှန်ကြားချက်ကို သေချာလိုက်နာပါ့မယ်" လွမ်ရှီက စိတ်ပိုင်းဆိုင်ရာ ထိရှသွားသလို အသွင်နှင့် ဖြစ်နေသည်။
ကျန်းရှီက အပြုံးဖော်ပြလာသည်။ "သမီးက အမေ့ကို အမေလို့ ခေါ်နေပြီပဲ။ အမေတစ်ယောက်အနေနဲ့က သမီးရဲ့ပျော်ရွှင်မှုတွေအတွက်ပဲ အမြဲ လိုချင်တာ"
YOU ARE READING
ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့
RomanceType : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com/series/transmigrating-into-the-female-supporting-character-with-a-good-life-in-a-laid-back-novel/ Fully Credit to Original English Translat...