2+ 1 (boy x boy x boy) - 1 Unicode

28.5K 136 0
                                    

**Disclaimer

အောက်မှာရေးသားထားတဲ့အကြောင်းအရာက အတူနေယောကျာ်းလေးနှစ်ယောက်ကြား ချစ်သူဆက်ဆံရေးနဲ့ လိင်ကိစ္စများပါဝင်လို့ အသက်မပြည့်သေးသူ၊ လိင်တူကိစ္စကို မကြိုက်သူများ မဖတ်သင့်ပါ။ နောက်အပိုင်းတွေမှာ poly-relationship (နှစ်ယောက်ထက်ပိုတဲ့ ဆက်ဆံရေး) ပါမှာမလို့ ဒါကိုသဘောမကျရင်လည်း စမဖတ်ပါနဲ့နော်။

Tag - Smut, Yaoi, BL, Poly-relationship ( ဒီထဲမှာတော့ Threesome ပါ)

......................................

သူ့နာမည်ကဆမ်၊ အသက်၃၀တန်း company CEO တစ်ယောက်။  CEO ဆိုပြီး သက်သက်သာသာအလုပ်လုပ်နေရတဲ့ သူဌေးလို့‌တော့ မထင်လိုက်ပါနဲ့။ သူ့လုပ်ငန်းက client တွေနဲ့ ပတ်သက်နေရတဲ့ နယ်ပယ်ထဲမှာဖြစ်နေတော့ တစ်နေ့တစ်နေ့ ထိုင်လိုက်ရတဲ့အစည်းအဝေး၊ ဆွေးနွေးလိုက်ရတဲ့ client တွေဆိုတာများလွန်းလို့ ယားလို့ကုတ်ချိန်တောင်မရှိဘူး။ ဒီနေ့လည်း ပုံမှန်လိုပဲ လက်မှတ်ထိုးပြီး အတည်ပြုပေးနေရတဲ့ စာရွက်စာတမ်းတွေကြား ခေါင်းတောင်မဖော်နိုင်တာ တစ်မနက်လုံးပါပဲ။ ဆိုပေမယ့်...ဒီနေ့တော့ သူသိပ်မညည်းညူဖြစ်ပါ၊ ဘာလို့ဆို ညတုန်းက ပျော်ရွှင်ဖွယ်ကောင်းတဲ့ စွဲမက်စရာအချိန်လေးကို ပိုင်ဆိုင်ခဲ့ရလို့လေ။

"ဟူး...နေ့လည်စာစားချိန်တောင်ရောက်နေပြီပဲ...ဟိုကောင် ဝီလီယံဘယ်ရောက်သွားပါလိမ့်"

အချိန်ကိုသတိထားမိတော့မှ သူ့အတွင်းရေးမှူးတစ်ဖြစ်လည်း သူငယ်ချင်းကြီးကို လိုက်ရှာကြည့်တော့ မတွေ့တော့။ သူ့ဘာသာများ ကုမ္ပဏီကလူတွေနဲ့ သွားစားပြီလားမသိ။ ဒါဆိုရင်တော့ ဆမ်လည်း ကိုယ့်ဘာသာမှာစားရတော့မှာပဲ။ အနီးအနားကမြန်မြန်ရနိုင်မယ့် စားသောက်ဆိုင်တွေကို ဖုန်းထဲရှာကြည့်နေရင်း တံခါးသံကြားလို့ ကြည့်မိတော့ တစ်ခြားသူမဟုတ် ဝီလီယံပင်။

"ငါက မင်းသွားစားနှင့်နေပြီထင်တာ"

"မင်းထပ်ပြီး fast food တွေ မှာစားပြန်ဦးမလို့လား"

တံခါးဘောင်ကိုမှီလို့ ငါသိသားပဲဆိုတဲ့မျက်နှာပေးနဲ့ လာကြည့်တဲ့ သူ့သူငယ်ချင်းကိုတော့ သူမငြင်းနိုင်ပါ...တကယ်လည်း သူမှာတော့မလို့ပဲလေ။

Adult Short StoriesWhere stories live. Discover now