**Disclaimer
အောက်မှာရေးသားထားတဲ့အကြောင်းအရာက ယောကျာ်းလေးသုံးယောက်ကြားက လိင်ဆက်ဆံခြင်းများပါဝင်လို့ အသက်မပြည့်သေးသူ၊ လိင်တူကိစ္စကို မကြိုက်သူများ မဖတ်သင့်ပါ။ ဒီအပိုင်းကနေစပြီး Threesome ပါတော့မှာဖြစ်ပါတယ်။ ဒီ tag ကို သဘောမကျရင် ဆက်မဖတ်ပါနဲ့နော်။
Tag - Smut, Yaoi, BL, Poly-relationship ( ဒီထဲမှာတော့ Threesome ပါ)
...............................
"ကဲ...ဒါဆို လူစုံပြီပေါ့"
ဆမ်ပြောရင်း ရှည်ရှည်မြောမြောနဲ့ သူ့ညီကို လှမ်းကြည့်လိုက်တော့ တံခါးဘောင်ကိုမှီထားဆဲဖြစ်သည့် ဒဲရစ်ကနားမလည်သလို မျက်နှာဖြစ်သွားတာကို တွေ့လိုက်ရသည်။ ခေါင်းပေါ်မှာ question mark တွေတောင် ပေါ်နေသလို။
"ဟုတ်...ဒယ်ဒီ"
ဆမ့်စကားကို မျက်ဝန်းထဲ ကြယ်တွေထင်ထားသလား ထင်ရအောင် တလက်လက်ဖြစ်နေတဲ့ စိတ်လှုပ်ရှားနေသော အကြည့်လေးများဖြင့် အန်ဒီကပြန်ဖြေလာတယ်။ အား....သူတကယ်စိတ်မနည်းထိန်းထားရတာ။ ဟူး...သူတော်တော်ကိုလောနေတာပဲ။
ဒဲရစ်ကတော့ နေရာကမရွေ့သေးဘဲ ဆမ့်ကိုတစ်လှည့် အန်ဒီကိုတစ်လှည့် နားမလည်တဲ့အကြည့်များဖြင့် ကြည့်နေဆဲ။
"လူစုံပြီဆိုတာ ဘာကိုပြောတာလဲ?"
နောက်ဆုံး ဇဝေဇဝါဖြစ်နေတဲ့ အမူအရာနဲ့ မေးလာတော့တယ်။
"ဒါက ဘာတွေတုန်း၊ ကျွန်တော်တော့ နားမလည်တော့ဘူးနော်။ တစ်ခုခုများ လွတ်သွားတာလား?"
စကားအဆုံး ဆမ်တို့နှစ်ယောက် ပြန်ဖြေလာမှာကို စောင့်နေတဲ့ ဒဲရစ်ကိုကြည့်ပြီး ဆမ်ကတော့ ရယ်သံဖွဖွတောင် ထုတ်လိုက်မိပါတယ်၊ သူ့ညီကြည့်ရတာ တကယ်ကြောင်သွားတာပဲ။
"မင်းပြောတော့ ပျော်စရာလေးလုပ်ချင်ရင် လာရှာဆို.."
ဆမ်ပြောတာနားထောင်ရင်း ဒဲရစ်ရဲ့မျက်နှာက တဖြည်းဖြည်းနားလည်သွားသလို အရောင်လက်လာတော့တယ်။
"ဒါမှမဟုတ်...ငါ့ကို သက်သက်စကားအနိုင်လိုချင်လို့ ပြောရုံလေးပဲလား?"
ဒဲရစ်ကတော့ ပါးစပ်အဟောင်းသားပွင့်လို့ ဘာစကားမှပြန်မပြောလာသေး။ အဲ့အချိန်မှာပဲ အန်ဒီရဲ့အမေးလို စကားသံလေးက ဝင်လာပါတော့တယ်၊ ကောင်ငယ်လေးရဲ့မျက်နှာပေါ် စိတ်ထိခိုက်ဝမ်းနည်းသွားသလို အမူအရာလေးနှင့်။
YOU ARE READING
Adult Short Stories
Short Storyဖော်ပြပါ story များသည် အာသာဖြေစရာ အပြာစာများ ဖြစ်တာမလို့ အသက်မပြည့်သေးသူများ ဖတ်ရန်မသင့်တော်ပါ စမဖတ်ခင် description ကို သေချာဖတ်ပေးပါဦးနော်