**Disclaimer
အောက်မှာရေးသားထားတဲ့အကြောင်းအရာက အတူနေယောကျာ်းလေးနှစ်ယောက်ကြား ချစ်သူဆက်ဆံရေးနဲ့ လိင်ကိစ္စများပါဝင်လို့ အသက်မပြည့်သေးသူ၊ လိင်တူကိစ္စကို မကြိုက်သူများ မဖတ်သင့်ပါ။ နောက်အပိုင်းတွေမှာ poly-relationship (နှစ်ယောက်ထက်ပိုတဲ့ ဆက်ဆံရေး) ပါမှာမလို့ ဒါကိုသဘောမကျရင်လည်း စမဖတ်ပါနဲ့နော်။
Tag - Smut, Yaoi, BL, Poly-relationship ( ဒီထဲမှာတော့ Threesome ပါ)
......................................
ဆက်တိုက်ဆိုသလို စုပြုံလာတဲ့အလုပ်များကြောင့် စိတ်ရောလူပါပင်ပန်းလွန်းလို့ ဆမ်မှာ အန်ဒီနဲ့သဘောတူထားကြသည့်ကိစ္စကိုတောင် မေ့နေသည့်အဖြစ်။ အလားတူ အန်ဒီကလည်း ကျောင်းကိစ္စတွေမအားသောကြောင့် ထိုအကြောင်းကို စကားမစအားပါ။ သူတို့နှစ်ယောက်လုံး energy တွေကုန်ဆုံးနေကြသဖြင့် ညညဆိုရင်တောင် စကားတူတူပြော၊ အတွဲတွေလုပ်နေကျကိစ္စတောင် မလုပ်နိုင်ဘဲ တန်းအိပ်ယာဝင်နေကြတာပင်။
အောက်တိုဘာအကုန်နားမှာတော့ အလုပ်တွေကတဖြည်းဖြည်းပါးလာပြီး ကုမ္ပဏီမှာလည်း ဘာမှအထွေအထူးကိစ္စမရှိ၊ ဆမ့်အတွက် စာချုပ်စာတမ်းတစ်ခုလောက်သာ လုပ်ပေးဖို့ကျန်တော့တာမလို့ အခုမှပဲသေချာအသက်ရှူနိုင်ပြီး သူ့ကောင်လေးနဲ့အချိန်တူတူကုန်ဆုံးနိုင်တော့မည်လေ။ ကျန်နေသေးတဲ့ အလုပ်တစ်ခုကိုတော့ အပြီးသတ်ဖို့ သူ့ညီဝမ်းကွဲဒဲရစ်ကို အကူအညီတောင်းထားရသည်။ အဲ့တာကတော့ သူတို့ရဲ့ရင်းနှီးမြုပ်နှံသူဖြစ်လာနိုင်ချေရှိတဲ့ အသက်၃၅ဝန်းကျင်အရွယ် အမျိုးသမီးတစ်ယောက်ကို ညစာဖိတ်တဲ့နေရာမှာ တူတူလာပေးဖို့ပင်၊ ဘာလို့ဆို အဲ့အမျိုးသမီးက တော်တော်လေးကိုပိုက်ဆံရှိပေမယ့် အရမ်းလည်းအီစီကလီလုပ်တတ်သောကြောင့်။ ဒဲရစ်ရဲ့စကားပြောဝင်ဆံ့ပုံမျိုးနဲ့ဆို ထိုအမျိုးသမီးနဲ့စာချုပ်ချုပ်ဖို့က ချောချောမွေ့မွေ့ပြီးသွားနိုင်တယ်ဆိုတာ ဆမ်လုံးဝကိုလောင်းရဲသည်၊ သူ့ညီလေးကိုတော့ ရိုးလက်စ်နာရီတစ်လုံးနဲ့ လာဘ်ထိုးထားရတာပေါ့။ ဒါပေမဲ့လည်း ရပါတယ်...ရင်းနှီးမြုပ်နှံမှုအကြီးစားကြီးအတွက် နာရီတစ်လုံးကဘာမှကို မဆိုသာဘူးလေ။

YOU ARE READING
Adult Short Stories
Historia Cortaဖော်ပြပါ story များသည် အာသာဖြေစရာ အပြာစာများ ဖြစ်တာမလို့ အသက်မပြည့်သေးသူများ ဖတ်ရန်မသင့်တော်ပါ စမဖတ်ခင် description ကို သေချာဖတ်ပေးပါဦးနော်