**Disclaimer
အောက်မှာရေးသားထားတဲ့အကြောင်းအရာက အတူနေယောကျာ်းလေးနှစ်ယောက်ကြား ချစ်သူဆက်ဆံရေးနဲ့ လိင်ကိစ္စများပါဝင်လို့ အသက်မပြည့်သေးသူ၊ လိင်တူကိစ္စကို မကြိုက်သူများ မဖတ်သင့်ပါ။ နောက်အပိုင်းတွေမှာ poly-relationship (နှစ်ယောက်ထက်ပိုတဲ့ ဆက်ဆံရေး) ပါမှာမလို့ ဒါကိုသဘောမကျရင်လည်း စမဖတ်ပါနဲ့နော်။
Tag - Smut, Yaoi, BL, Poly-relationship ( ဒီထဲမှာတော့ Threesome ပါ)
...........................................
တကယ်တော့ သူတို့အိမ်ကို နောက်လူတစ်ယောက်ခေါ်ထားမိတယ်ဆိုပေမယ့် အဲ့လောက်ထိဆိုးနေတာတော့လည်းမဟုတ်ပါ။ ဘာလို့ဆို ပထမနှစ်ပတ်လုံးလုံး ဒဲရစ်ကအိမ်မှာမနေသလိုနီးပါးကိုဖြစ်နေလို့ပင်။ ညနောက်ကျမှအိမ်ကိုပြန်လာ...ရေမြန်မြန်ချိုးပြီး တန်းအိပ်ယာဝင်လို့ မနက်ကျလည်းအစောကြီးပြန်ထွက်သွားသေးသည်။ တကယ်တော့ သူ့ညီဝမ်းကွဲက နည်းနည်းနာမည်ရတဲ့သူဖြစ်တာကြောင့် အမြဲလိုလို event တွေရယ် photoshoot ရိုက်ကွင်းတွေရယ်နဲ့ ပြည့်နေတာပင်။ အများစုကတော့ အလှူအတန်းလုပ်တဲ့ ပွဲတွေပေါ့။ ဒီလိုလုပ်စရာတွေပြည့်နေတဲ့ကြားထဲက စားသောက်ဆိုင်တွေကိုလည်း စီမံနေရသေးတော့ ဒဲရစ်အတွက်အိမ်ဆိုတာ အိပ်စရာနေရာတစ်ခုထက်မပိုပါ။ ဒါကလည်း သူ့ညီဝမ်းကွဲ အိမ်မှာလာနေတိုင်း ကြုံနေကျမလို့ ဆမ့်အတွက်ကတော့ ရင်းနှီးပြီးသားပင်။
တစ်မနက်မှာတော့ ထူးထူးဆန်းဆန်း ဆမ်တစ်ယောက် အန်ဒီ့ထက်စောစောပိုလို့ နိုးလာခဲ့သည်။ ဘေးကိုကြည့်လိုက်တော့ သူ့ရဲ့ချစ်စရာရည်းစားလေးက အိပ်ပျော်နေဆဲ။ ပျားရည်ရောင်ဆံနွယ်ရှိတဲ့ခေါင်းလုံးလုံးလေးနဲ့ ဖြူဖြူသေးသေး သူ့ချစ်သူလေးက ဆမ့်အတွက် ဘယ်ချိန်ကြည့်ကြည့် စိတ်ကိုအေးချမ်းစေပါသည်။ ဒီလိုကောင်လေးကို အိပ်ယာထဲမှာထားခဲ့ပြီး မထသွားချင်တဲ့စိတ်ကြောင့် ပြန်အိပ်တော့မလို့ပြင်နေတုန်းမှာပဲ မီးဖိုချောင်ထဲကအသံတွေက သူ့ကိုဆွဲဆောင်သွားသဖြင့် ပြန်အိပ်မယ့်အစီအစဥ်ကိုဖျက်လို့ မီးဖိုချောင်ဘက် လျှောက်လာခဲ့သည်။ အန်ဒီခေါ်မွေးထားတဲ့ ကြောင်လေး မိုမိုကတော့ ဧည့်ခန်းထဲချောင်တစ်ခုမှာ ငြိမ်သက်လျက်။ ဒဲရစ်ဒီအိမ်ကိုရောက်လာတည်းက မိုမိုကသူ့ခံတပ်လို အဲ့ချောင်ကနေ တော်ရုံထွက်မလာတော့တာပင်...ဒါကလည်း အိမ်ကသန်သန်မာမာယောက်ျားနှစ်ယောက်ဆီကရနေတဲ့ အငွေ့အသက်တွေကြောင့် နေမှာပေါ့။ ဒါလည်းကောင်းတာပဲ...အဲ့မိုမိုကြောင်က အရင်ကဆို သူနဲ့အန်ဒီရဲ့ အချစ်ညတွေကို လိုက်နှောင့်ယှက်နေကျလေ။

YOU ARE READING
Adult Short Stories
Short Storyဖော်ပြပါ story များသည် အာသာဖြေစရာ အပြာစာများ ဖြစ်တာမလို့ အသက်မပြည့်သေးသူများ ဖတ်ရန်မသင့်တော်ပါ စမဖတ်ခင် description ကို သေချာဖတ်ပေးပါဦးနော်