2+1 (boy x boy x boy) - 4 Zawgyi

4.3K 13 0
                                    

**Disclaimer

အောက်မှာရေးသားထားတဲ့အကြောင်းအရာက အတူနေယောကျာ်းလေးနှစ်ယောက်ကြား ချစ်သူဆက်ဆံရေးနဲ့ လိင်ကိစ္စများပါဝင်လို့ အသက်မပြည့်သေးသူ၊ လိင်တူကိစ္စကို မကြိုက်သူများ မဖတ်သင့်ပါ။ နောက်အပိုင်းတွေမှာ poly-relationship (နှစ်ယောက်ထက်ပိုတဲ့ ဆက်ဆံရေး) ပါမှာမလို့ ဒါကိုသဘောမကျရင်လည်း စမဖတ်ပါနဲ့နော်။

Tag - Smut, Yaoi, BL, Poly-relationship ( ဒီထဲမှာတော့ Threesome ပါ)

...........................................

နောက်တစ်နေ့မနက်မှာတော့ ဆမ်တစ်ယောက် အန်ဒီထက်ပိုပြီး စောစောနိုးလာခဲ့တယ်။ အချိန်ကိုကြည့်လိုက်တော့ အလုပ်သွားရန်ပြင်ဆင်ဖို့ နည်းနည်းစောသေးတယ်ဆိုပေမယ့် ညတုန်းကတိုက်ပွဲအပြီး ရေမချိုးရသေးတာမလို့ စောစောထချိုးဖို့ ပြင်လိုက်တော့သည်။ သူ့ချစ်သူလေးကတော့ ထုံးစံအတိုင်းကြောင်ပေါက်လေးလို စောင်အောက်မှာလုံးထွေးလို့ အိပ်ပျော်နေဆဲ။ ခေါင်းလုံးလုံးလေးပေါ် အနမ်းခြွေလိုက်တော့ ကောင်လေးကနည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကိုယ်လုံးလေးကိုကျုံ့လို့ ပြန်ငြိမ်သက်သွားပြန်တယ်။ ချစ်ဖို့ကောင်းလွန်းတဲ့ သူ့ရဲ့မနက်ခင်းဆည်းဆာလေးကို ခဏပြုံးကြည့်နေပြီးမှ အိပ်ယာထဲက ထွက်လာလိုက်တော့သည်။

အိပ်ခန်းထဲကနေ ခြေသံလုံလုံနဲ့ထွက်လာပြီး ရေချိုးခန်းသွားမလို့ပြင်တော့ လမ်းမှာ သူ့ညီဒဲရစ်နဲ့ တိုးလေတယ်။ ဆမ်အသာဖွဖွပြုံးပြလို့  သူ့ညီကိုနှုတ်ဆက်လိုက်သည်။

"မောနင်း ဒဲရစ်"

ဒဲရစ်က သူ့ကိုတွေ့တော့ ရေချိုးခန်းထဲကထွက်လာကတည်းက ကိုင်လာသည့် အောက်ခံဘောင်းဘီတိုကို အနောက်ကိုဖွက်လိုက်လေသည်။ ပြီးတော့မှ ဆမ့်ကိုပြုံးလို့ ခေါင်းသာတစ်ချက်ဆတ်ပြတယ်...မျက်လုံးချင်းတော့ မဆုံဘဲနဲ့ပေါ့။

အစကတော့ ဘာများဖြစ်နေတာလဲလို့ ဆမ်ကြောင်သွားပေမယ့် ဒဲရစ်ကအနောက်ကိုထည့်ဖွက်လိုက်တဲ့ အောက်ခံဘောင်းဘီရယ် ပြီးတော့ မီးမှိန်နေတာတောင် မြင်နေရတဲ့ ရွှေဝါရောင်အသားအရည်ပေါ်က ဒဲရစ်ရဲ့အနည်းငယ်နီနေတဲ့ မျက်နှာကိုသတိထားမိလိုက်တော့မှ သူသဘောပေါက်သွားတော့တယ်။

Adult Short StoriesWhere stories live. Discover now