**Disclaimer
အောက်မှာ ရေးထားတဲ့အကြောင်းအရာတွေက ယောကျာ်းလေးနှစ်ယောက်ကြားက လိင်ဆက်ဆံမှုများဖြစ်တာကြောင့် အသက်မပြည့်သေးသူများနဲ့ လိင်တူမကြိုက်သူများ မဖတ်သင့်ပါ။ ပြီးတော့ ဒီထဲမှာ ရေးထားတဲ့ ဒွိလိင်က အပြင်ကဒွိလိင်တွေနဲ့ ကွဲပြားနိုင်ပါတယ်နော်။ ဒါကစိတ်ကူးယဉ်ရေးထားတာဖြစ်ပြီး ကိုယ်အာသာဖြေဖို့မလို့ ကိုယ်ကြိုက်တဲ့ပုံစံနဲ့ စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ ဒွိလိင်မကြိုက်သူများ ဖတ်ရန်မသင့်တော်ပါ။
.........................
အဲလက်စ်က အသက် ၃၅နှစ်အရွယ် ကုမ္ပဏီ CEO တစ်ယောက်။ ကွာရှင်းထားတာတစ်နှစ်ကြာပြီဖြစ်ပြီး အဲ့ကတည်းက မိန်းကလေးတွေရော ယောကျာ်းလေးတွေနဲ့ပါ ဒိတ်ကြည့်ပေမယ့် တစ်ယောက်မှသူ့ကို စိတ်ကျေနပ်အောင်မလုပ်နိုင်သေး၊ တစ်နေ့မှာ အလုပ်ကအပြန် ကော်ဖီဆိုင်တစ်ဆိုင်ဝင်ရင်း ၂၄နှစ်အရွယ် ကယ်ဗင်ကိုမတွေ့ခင်အထိပေါ့။ ကယ်ဗင်က ရှက်တတ်တဲ့ကောင်လေးပေမယ့် ရင်းနှီးသွားတာနဲ့ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူတစ်ယောက်၊ ဉာဏ်လည်းကောင်းသလို စကားပြောရည်မွန်တဲ့ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားလေးလည်း ဖြစ်သည်။
သူတို့နှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံခြင်းနဲ့ စကားဝိုင်းက အရမ်းကြီးချောချောမွေ့မွေ့ဖြစ်ခဲ့တယ်လို့ ပြောလို့တော့မရ။ ကယ်ဗင်က အဲလက်စ်ကို နည်းနည်းရှိန်ပြီးလန့်ခဲ့တယ်လို့ ပြောတယ်၊ ဘာလို့ဆို အဲလက်စ်မျက်နှာထားက တည်တင်းပြီးအမြဲတစ်ခုခုကို အလိုမကျသလိုဖြစ်နေလို့ပါတဲ့လေ။ အဲလက်စ်ကတော့ ကယ်ဗင်နဲ့ခဏခဏတွေ့ဖြစ်လေ ပိုလို့သဘောကျလာလေဖြစ်ပြီး ကောင်လေးကြောင့်ပဲ များများရယ်ဖြစ် ပြုံးဖြစ်လာရသည်။ ကယ်ဗင်ရယ်မောတဲ့အခါမှာလည်း သူသဘောကျသလို ကောင်လေးက သူကစားတဲ့ဂိမ်းတွေအကြောင်း စိတ်ဝင်တစားပြောပြနေရင်လည်း သဘောကျတာပဲ၊ အဲလက်စ်အနေနဲ့ကတော့ ကယ်ဗင်ရဲ့အရာအားလုံးကို သဘောကျနေပြီပင်။
အခုဆို သူတို့နှစ်ယောက်သိလာတာ လအနည်းငယ်လည်းကြာနေပြီး တဖြည်းဖြည်းပိုရင်းနှီးလာတယ်။ အဲလက်စ်က ကယ်ဗင်နဲ့အိပ်ချင်နေပေမယ့် ကောင်လေးကိုလှန့်လိုက်သလိုဖြစ်သွားမှာစိုးလို့ ထုတ်မမေးရသေး။ အဲ့တာကြောင့် ဒိတ်လေးတွေ ခဏခဏလုပ်ပြီး ကယ်ဗင်သွားချင်တဲ့နေရာတွေကိုလည်း လိုက်ပို့ပေးခဲ့သည်။ ဒီနေ့မှာတော့ သူတို့ဒိတ်တာလည်း နည်းနည်းကြာပြီး အဆင်ပြေနေပြီမလို့ မေးဖို့အဲလက်စ်စဉ်းစားထားတယ်။

YOU ARE READING
Adult Short Stories
Short Storyဖော်ပြပါ story များသည် အာသာဖြေစရာ အပြာစာများ ဖြစ်တာမလို့ အသက်မပြည့်သေးသူများ ဖတ်ရန်မသင့်တော်ပါ စမဖတ်ခင် description ကို သေချာဖတ်ပေးပါဦးနော်