နေရောင်ခြည်ဖြာလဲ့နေတဲ့ မနက်ခင်း၊
ကျေးငှက်တွေရဲ့ အသံကိုတော့မကြားရပင်မဲ့ အတော်အသင့်သာယာနေတဲ့ ဆိုးလ်မြို့ရဲ့ မနက်ခင်းပါလေ။
မနက်စောစောထတတ်တဲ့ အကျင့်ရှိသူမို့ ယခုလည်းကျန်းဟာအိုမှာ နှိုးစက်ထံကအလန်းသံ မမြည်လာခင် နိုးလာခဲ့သည်။
နေ့စဉ်ဒူဝ လုပ်ရမည့်အလုပ်များကို တွေးရင်း ကော်ဖီတစ်ခွက်နဲ့ မနက်စာစားချိန်ကို ကုန်ဆုံးလေ့ရှိသည်။မနက်စာစားပြီးလျှင် သင်တန်းသားများကိုတယောထိုးသင်ပေးဖို့အတွက် အပြင်ကိုသွားမည်။
ကြာချိန်နှစ်နာရီ သင်ပြီးတာနဲ့ အချိန်တစ်မိနစ်မစွန်းစေဘဲ သင်တန်းဆင်းပေးလိမ့်မည်။
ဆရာကျန်းဟာအိုက ထိုမျှအချိန်တိကျတဲ့သူဖြစ်သည်။
၂၃နှစ်ပဲရှိသေးသော်လည်း အသက်အရွယ်နှင့်မလိုက်အောင် ဇီဇာကြောင်သည့်သူလို့ ဆိုရင်လည်းမမှား။အစားအသောက်ကို တစ်ပန်းကန်ထက် ပိုမစားတတ်သည့်အပြင် တစ်ပတ်မှာနှစ်ရက်လောက် အသီးအရွက်တွေချည်း စားတတ်သေးသည်။
ဘယ်အချိန်ဖြစ်ဖြစ် ကျန်းဟာအိုကကြည့်ကောင်းနေရမယ် ဆိုသည့်စကားကို လက်ကိုင်ထားကာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအလွန်ရှိလှသောသူလည်းဖြစ်သည်။ထက်မြက်ပြီးထူးချွန်တဲ့သူပီပီ ဘက်စုံတော်သည့် ကျန်းဟာအိုက စာသင်သည့် အလုပ်လည်းလုပ်ရသေးသည်။
ကျန်းဟာအိုအနေအထားနှင့်ဆိုလျှင် တယောသင်တန်းနဲ့တင် ဝင်ငွေကလုံလောက်ရုံတင်မကဘဲ ပိုလျှံနေမှာဖြစ်ပင်မဲ့ မလွှဲသာမရှောင်သာသည့် အခြေအနေကြောင့်သာ သူဒုက္ခခံနေရခြင်းဖြစ်သည်။လွန်ခဲ့တဲ့ ၂နှစ်တာ အချိန်ကာလကို ပြန်တွေးရမယ်ဆိုပါလျှင် ကျန်းဟာအိုသက်ပြင်းအခါခါချမိလိမ့်မည်။
အဲ့အချိန်က ကိုရီးယားကိုစစရောက်လာသည့် ကျန်းဟာအိုမှာအချိန်ပိုင်းအလုပ်တွေ အများကြီးရှိခဲ့သည်။
မနက်ပိုင်းဆိုလျှင် စတိုးဆိုင်က အချိန်ပိုင်းအလုပ်၊
နေ့လည်တစ်နာရီမှာတော့ လမ်းလျှောက်သွားလျှင် မိနစ် ၂၀လောက်ကြာသည့် Cafe တစ်ခုရဲ့အချိန်ပိုင်းမန်နေဂျာ၊
ညနေစောင်းလျှင်တယောထိုးသင်တန်း၊
ညဘက်ဆို ကလေးတွေကိုစာသင်ပြရင်း တစ်နေ့တာကို အလုပ်ရှုပ်စွာ ကုန်ဆုံးခဲ့သည်။ကျန်းဟာအိုအတွက် နားရက်ဟာ တစ်ပတ်မှာသောကြာနေ့ တစ်ရက်သာရှိပြီး စနေ၊တနင်္ဂနွေပိတ်ရက်များမှာတောင် တယောသင်တန်းရှိသေးသည်။
တစ်ခုသော သောကြာနေ့မှာတော့ ကျန်းဟာအိုဟာ သူတယောထိုးပေးဖို့လက်ခံထားသည့် Wedding တစ်ခုကို သွားခဲ့သည်။
ထိုနေ့ကစပြီး သူ့ဘဝကရှုပ်ယှက်ခတ်ကုန်တော့မယ်မှန်းသာ ကြိုသိခဲ့လျှင် ထိုပွဲကိုသူလက်ခံခဲ့မည်မဟုတ်ပါ။ အဲ့အချိန်က မသိနားမလည်တဲ့ ကျန်းဟာအိုကတော့ လက်ခံခဲ့သည်။
ပြီးနောက် suit ကိုဝတ်ဆင်ကာ ထိုပွဲသို့သွားခဲ့သေးသည်။ပွဲစတင်သည့်အချိန်တွင် ကျန်းဟာအို၏တယောသံဟာ
ခန်းမတစ်ခုလုံး ပျံ့လွင့်လျက်၊ လူတွေဟာ တယောထိုးနေတဲ့သူကို ကြည့်မနေခဲ့ပါသည့်တိုင် တယောသံကိုတော့ အာရုံစိုက်ကာ နားထောင်ခံစားနေကြသည်။
ထိုလူများထဲတွင် အသက်ငယ်ငယ်ကောင်လေးတစ်ယောက်ပါခဲ့ပြီး ထိုကောင်လေးကတော့ ကျန်သူများနှင့်ခွဲထွက်စွာပဲ suit အနက်ရောင်ကို ဝတ်ထားပြီး ကြွကြွရွရွတယောထိုးပြနေသည့် ကောင်လေးကိုမျက်တောင်မခတ်တမ်း ကြည့်နေခဲ့သည်...။အတိတ်ကိုပြန်တွေးနေသည့် ကျန်းဟာအိုရဲ့အာရုံတွေကို အဝင်callဖုန်းတစ်လုံးက ဖြတ်တောက်ပစ်လိုက်သည်။ Content ပေါ်မှာ မြင်ရတဲ့ ဘာမှမမှတ်ထားသည့် ဖုန်းနံပါတ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်
ကော်ဖီခွက်ကို ဘေးချကာ ဖုန်းကိုင်လိုက်သည်။"ဟောင့်ကော...ကျွန်တော် စာမေးပွဲကျပြန်ပြီ"
ရယ်မြူးကာပြောလာသည့် ထိုအသံပိုင်ရှင်။
ကျန်းဟာအိုရဲ့ တစ်နေ့တာတွေကို အမျိုးစုံကြိုးခုန်ရအောင် လုပ်ခဲ့သည့်ထိုအသံပိုင်ရှင်။
လွန်ခဲ့တဲ့ ၂နှစ်တည်းက တွေ့ခဲ့ရသည့် ထိုအသံပိုင်ရှင်။"ဆောင်းဟန်ဘင်း ညနေကျရင်မင်းနဲ့ငါတွေ့မယ်"
သူပြောတော့ ဖုန်းတစ်ဖက်ကထိုသူဟာ ခပ်ဟဟရယ်သံကိုထုတ်လွှတ်သည်။
အဲ့ရယ်သံကတောင် ကျန်းဟာအို၏စိတ်ကို နောက်ကျိသွားအောင် စွမ်းဆောင်နိုင်သည်။
ထိုသူသည် ကျန်းဟာအိုကို ဤသို့ဤသို့စိတ်ညစ်ရအောင်
လုပ်တတ်သူဖြစ်သည်။_26.05