너를 만나 - 3

1K 145 10
                                    


အထက်တန်းကို သုံးနှစ်တက်ရသည်မှာ ဆောင်းဟန်ဘင်းအတွက် ပျင်းဖို့ကောင်းလှသည်။ သို့သော်လည်း အိမ်ရောက်လျှင် စာပြန်သင်ပေးမည့် ဂိုက်ဆရာကြောင့် မငြီးမငြူတက်နေရခြင်းမဟုတ်လား။
ကျန်းဟာအိုဟာ သူနှင့် ဆရာတပည့်ဆက်ဆံရေး၌ ရှိနေသည့်သူပင်။
သူဘက်က စိတ်ရှိတိုင်းလည်း ရှေ့ဆက်တိုး၍ မရသည့်အခြေအနေဖြစ်သည်မို့ တတ်နိုင်သည့်နည်းဖြင့် အနားမှာရသလောက် နေစေဦးမည်။

သူအထက်တန်းမအောင်မချင်းသာ ကျန်းဟာအိုက မစေ့စပ်ပါဘူးဆိုလျှင် ဆောင်းဟန်ဘင်းက တစ်သက်လုံး ဘဝကို ဒီအထက်တန်းတက်ရင်းပဲ ဖြတ်သန်းသွားတော့မည်။

...

ယောရွန်းအဖေ၏ ခေါ်ဆိုမှုကြောင့် အခုကျန်းဟာအိုဟာ ပတ်ခ် အိမ်တော်သို့ ထမင်းစားရောက်နေခြင်း။
ကျန်းဟာအိုဟာ ဒီလိုခေါ်ယူတွေ့ဆုံမှုမျိုးရှိမှသာလျှင် ပတ်ခ်အိမ်တော်သို့ ရောက်မလာတတ်သည့် သူပင်ဖြစ်သည်။

တိတ်ဆိတ်စွာ စားနေသည့် ထမင်းဝိုင်း၌ ဇွန်းခရင်းသံမှလွဲ၍ မည်သည့်အသံမှ မကြားရ။ ကျန်းဟာအိုဘက်က စကားစပြောဖို့ မကြိုးစားသည်မှာ သေချာပါသည်။
ဆောင်းဟန်ဘင်း ဘေးမှာရှိနေသည့် အချိန်များ၌ သူ့အတွက်လေ
ထုဟာ ပေါ့ပါးလန်းဆန်းနေတတ်သလောက် ပတ်ခ်အိမ်တော်သို့ ရောက်လာရသည့် အခါတိုင်းတွင်မူ လေးလံထိုင်းမှိုင်းနေတတ်သည်။ လေထုဟာလည်း အေးစက်သည့်အပြင် စိမ်းသက်လို့။

"ကျန်းဟာအိုက အဖေ့သမီးနဲ့စေ့စပ်ဖို့ကို ဘယ်တော့လောက် မှန်းထားလဲ"

စိမ်းသက်နေသည့် လေထုကို အမေးစကားတစ်ခွန်းနှင့် ‌ပို၍တိတ်ဆိတ်အောင် လုပ်လိုက်သည်က ထမင်းစားပွဲဝိုင်းထိပ်တွင် ထိုင်နေသည့်သက်လတ်ပိုင်း အမျိုးသားတစ်ဦးပင်။

ကျန်းဟာအိုကို မေးလာသည့် အမေးစကား၌
သူ့ကိုယ်သူ "အဖေ" လို့သုံးနှုန်းသွားသည်ကို ကြားလူများက ကြားလျှင် သမတ်လောင်းနှင့် ယောက္ခထီးဖြစ်သူမှာ အမျိုးမတော်ရသေးခင်ကပင် အလွန်ရင်းနှီးကျွမ်းဝင်ကြသည် ဟု အဓိပ္ပါယ်ကောက်ကြပေလိမ့်မည်။
ကျန်းဟာအိုအတွက်တွင်မူ ထိုအသုံးအနှုန်းသည် သူ့အားပြေးပေါက်ပိတ်စေသည့် အသုံးအနှုန်းဖြစ်သည်မှန်း ရိပ်မိ၏ ။
မတော်စပ်ချင်ပါလျှင်တောင် တော်ကိုတော်စပ်ရမည် ဟု ဖိအားနေသည့် အသုံးအနှုန်းသပ်သပ်သာ။

 너를 만나 - Me After YouWhere stories live. Discover now