💌
"ဟိုလေ..ကဗျာဆရာ
ဂျွန်ဂျောင်ကုဆိုတာလား?""ဘာကိစ္စလဲ?"
ချည်ဘောင်ဘီအနက်ရောင်ရဲ့
အိတ်ကပ်ထဲတတ်တူးအပြည့်နဲ့
လက်တစ်ဖက်ထိုးထည့်ကာ
အနက်ရောင်ကျောပိုးအိတ်ကိုင်းကို
တင်းတင်းဆုပ်ကိုင်လျက်
စာပေဆောင်ထဲကထွက်လာတဲ့
ကျွန်တော့ရဲ့ကဗျာဆရာပေါက်စလေးကျွန်တော်အဲ့ဒီကောင်လေးကို
သတိထားမိနေခဲ့တာဒီနေ့နဲ့ဆို၇ရက်ပြည့်ပြီ
အမြဲလိုလိုကျွန်တော်ရဲ့ဂီတဆောင်ဘက်က
ဖြတ်လျှောက်တတ်သောကောင်လေးသည်
အမြဲတမ်းရေပြင်ညီလိုမျက်နှာထားလေးဖြင့်
အနက်ရောင်စာကြည့်မျက်မှန်လေးကို
တပ်ကာ ဂုတ်ထိရှည်ကျနေသော
ဆံပင်တွေအားခေါင်းစည်းကြိုး
အနက်ရောင်လေးဖြင့်ချည်နှောင်ထားကာ
သိပ်ကိုကြည့်ကောင်းလွန်းသည်ကျွန်တော်ဘူဆန်ကနေဆိုးလ်တက္ကသိုလ်ကို
ပထမဆုံးပြောင်းလာတဲ့တစ်နေ့ပေါ့
ပထမဆုံးအနေနဲ့ဆိုးလ်မြို့က
နာမည်အကြီးဆုံးအနုပညာတက္ကသိုလ်မှာ
တက်ရမှာမို့စိတ်တွေအလွန်လှုပ်ရှားကာ
ပြာတိပြာယာဖြင့်အတန်းထဲကို
ပြေးလာတဲ့အချိန်
ဘေးချင်းကပ်ဖြတ်လျှောက်သွားတဲ့
ကောင်လေးတစ်ယောက်ရဲ့ရေမွှေးအနံ့သည်
တစ်မျိုးလေးရယ်
သင်းသင်းလေးနဲ့ငြိမ်ငြိမ်လေး
သိပ်ကိုဆွဲဆောင်လွန်းတာမို့
အလျင်လိုနေတဲ့ကျွန်တော့ခြေလှမ်းတွေ
တိကနည်းရပ်သွားပြီးလှည့်ကြည့်လိုက်တော့
အနက်ရောင်ကျောပိုးအိတ်ကို
ခက်လျှောလျှောလွယ်ကာထွက်သွားသော
အရိပ်ကလေးတစ်ခုထိုနေ့ကစလို့ကျွန်တော်သူ့အကြောင်းတွေ
စုံစမ်းတယ် စာပေဆောင်ကို
ချောင်းပေါက်မတတ်သွားတတ်တာမို့
ဂီတဆောင်ထက်စာပေဆောင်မှာ
ကျွန်တော့သူငယ်ချင်းတွေပိုများသည်
စုံစမ်းလို့ရသမျှအားလုံးထဲ
သဘောအကျဆုံးအချက်သည်
ကဗျာဆရာဟူသောအချက်ပင်ဖြစ်သည်
အဲ့ဒီနောက်ပိုင်းကစကျွန်တော်ဟာ
Fan boyတစ်ယောက်ဖြစ်လာခဲ့တယ်
သူတင်တဲ့ကဗျာလေးတွေ
သူတင်တဲ့စာလေးတွေဟာ
သိပ်ကိုနုနုညံ့ညံ့လေး
အပြင်ကပုံစံလေးကတော့ရေခဲတုံးလေးလို
အေးတိအေးစက်ပြုံးရယ်တာမျိုးလဲ
တစ်ခါလေးတောင်မတွေ့ခဲ့ဖူးဘူး
ပတ်၀န်းကျင်ကိုလဲဂရုမစိုက်တတ်
လမ်းလျှောက်လျင်အရှေ့ကိုပဲ
တည့်တည့်ကြည့်တတ်တဲ့သူနဲ့
ကျွန်တော့လိုဟိုငေးဒီငေး
ပြာတိပြာယာလေးကကွာခြားချက်တွေ
အများကြီးထဲကတစ်ခု