💌
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. "ထယ်မလိုက်နိုင်ဘူး..."
"ဒါဆို ဒီမှာမင်းဘယ်သူနဲ့နေခဲ့မှာလဲ
ကိုကို့ကို အဖေကခေါ်နေတယ်ထယ်လေး
သူအလုပ်တွေမနိုင်ဘူးပြောတယ်
အခုတောင်ကိုကိုအလုပ်ကပြန်ပြေးလာတာ
သွားဖို့စီစဉ်ရမှာမို့""အဲ့တာသူ့ကိစ္စလေ
အရင်လဲထယ်နေခဲ့တာပဲ
အခုမှဘာတွေအဆန်းလုပ်နေတာလဲ"ထယ့်ဘက်ကခေါင်းမာတဲ့
အစိတ်အပိုင်းတွေလေးတွေ
ထုတ်ထုတ်ပြတိုင်းကျွန်တော်ခေါင်းပူရတယ်
ထားခဲ့ရတိုင်းမှာကျွန်တော်စိတ်မချဘူး
ထယ်ကတစ်ခုခုကိုအာရုံရောက်သွားရင်
ဘေးပတ်၀န်းကျင်ကိုမသိတော့တဲ့သူမို့
အိမ်ထဲဘာဖြစ်နေလဲသူမသိဘူး
တစ်အိမ်လုံးမှာတစ်ယောက်ထဲဆိုတဲ့
ခံစားချက်ကတစ်ဖက်နိုင်ငံ
ရောက်နေတဲ့ကျွန်တော့အတွက်လဲ
အဆင်မပြေပါ ပဲရစ်ကိုပြန်ရတိုင်း
ဖြစ်တတ်သောပြသာနာဟာ
ထုံးစံအတိုင်းပြောင်းလဲသွားတယ်ဆိုတာမရှိ"ထယ်ကတစ်ခုခုကိုအာရုံရောက်သွားရင်
ဘေးပတ်၀န်းကျင်ကိုမေ့မေ့သွားတတ်တယ်
အိမ်ထဲလူ၀င်လဲမသိဘူး မီးရေးထင်းရေးလဲ
မင်းသတိပြုမိမှာမဟုတ်ဘူးထယ်လေး
အဒေါ်ကြီးကလဲညလာအိပ်ပေးဖို့
အဆင်မပြေဘူးလေ သိရက်နဲ့မဆိုးပါနဲ့
အဖေ့အိမ်လိုက်မနေချင်ဘူးဆိုလဲ
ကိုကိုဟိုတယ်ကောင်းကောင်း
စီစဉ်ပေးပါ့မယ် လျှောက်လည်ဖို့လဲ
စီစဉ်ပေးမယ် ထယ်ကလိုက်ခဲ့ရုံပဲ""ပဲရစ်ဖြစ်နေလို့ကိုခြေမချချင်တာ!
ကိုကိုမသိလို့လား အဲ့မိန်းမလက်ကို
တင်းတင်းဆုပ်ကိုင်ပြီး
အဖေထွက်ပြေးသွားတာ
ကျွန်တော်သိပ်သဘောကျရတဲ့ပဲရစ်မြို့ကို ကျွန်တော်မေ့လဲမတတ်အော်ငိုတာတောင်
အဖေတစ်ချက်ပြန်လှည့်ကြည့်ခဲ့လား
သတ်ချင်သတ်လိုက် ဘယ်တော့မှ
အဲ့ဒီအဖေဆိုတဲ့လူရှိတဲ့အရပ်ဒေသကို
ခြေမချဘူးကိုကို!!"
![](https://img.wattpad.com/cover/342677521-288-k510814.jpg)