3 💌
အပြုံးတစ်ပွင့်မှာပြန်လမ်းမဲ့တယ်
အသံလေးတစ်ချက်ကြားတိုင်း
လကမ္ဘာထိများလွင့်ပျံထွက်သွားတော့မလို
အချစ်ကဆန်းကြယ်တာမဟုတ်ပဲ
သူကပဲတစ်သီးတစ်သန့်ဆန်းကြယ်နေတာ
ကြားတဲ့နတ်ဘုရားကျွန်တော့ဆုတောင်းအား
ဖြည့်ဆည်းပေးလို့ရမလား
ရောက်လာမယ့်နေ့ရက်တွေမှာ
သူအများကြီးပြုံးနေနိုင်အောင်လေeuphoria J
"ဟီး..ချစ်ဖို့ကောင်းလိုက်တာ
ငါ့ဖုန်းထဲလဲသူ့ကဗျာတွေချည့်"ည၉:၀၀အချိန်
လမ်းမီးတိုင်ဝါဝါလေးတွေအောက်
ခွေးဖြူဖြူလေးအားကြိုးနဲ့ဆွဲကာ
ဖုန်းလေးကိုလက်တစ်ဖက်ကကိုင်ကာ
လျှောက်လာတဲ့သူသည်
အေးအေးချမ်းချမ်းလေး"ဗိုက်ဆာလို့သာထွက်လာရတယ်
ငါနည်းနည်းတော့ကြောက်သား
တော်သေးတယ်ဒီဒီး မင်းပါလာလို့"အဝါရောင်ခြေညှပ်ဖိနပ်အပါးလေးစီးကာ
ဘဲရုပ်ကလေးတွေပါသော
ညအိပ်၀တ်စုံအဝါရောင်လေးဖြင့်
ခက်မြန်မြန်လျှောက်လာတာ
လမ်းထိပ်က၂၄နာရီဖွင့်တဲ့စတိုးဆိုင်လေးကို"ဒီဒီးအပျင်းမကြီးနဲ့မြန်မြန်သွားရမယ်
မေမေဆူနေတဲ့ကြားကထွက်လာရတာ
အမြန်ပြန်မှဖြစ်မယ်ကွ လာထားပြေးမယ်"ဒီဒီသည်လေးလံသောခြေလှမ်းများနဲ့
ကြိုးကလေးဆွဲရာနောက်
ပြေးလိုက်သွားကာ၅မိနစ်လောက်အကြာမှာ
တွေ့လိုက်ရတဲ့စတိုးဆိုင်လေးသည်
မီးလေးတွေထိန်လင်းနေသည်