💌
နေရောင်ခြည်ခက်နွေးနွေးရဲ့
အရိပ်အောက်မှာထိုင်ရင်း
ချစ်ရသူနဲ့ပါးပြင်နုနုအသေအချာကိုင်လို့
နမ်းမွှေးလိုက်ချင်ပါတယ်
အကြင်သူရေဘယ်တော့များမှ
ထိုပါးပြင်နုနုအသေချာကိုယ်နမ်းရပါ့euphoria J
"ဟဲ့ နင့်လူကဗျာတွေကပိုနုညံ့လာသလိုပဲ
သူချစ်သူရှိနေတာများလား""ဒိုလီ အခုစားထားသမျှကို
နင်ရှင်းချင်နေတာလား""မရှင်းချင်ပါဘူး
နင်ကျွေးမယ်ဆိုလို့လိုက်လာတာ"ကန်တင်း၌အတူတူထိုင်ကာ
ဖုန်းထဲကကဗျာဆရာရဲ့
ကဗျာအသစ်လေးကိုကြွားနေတုန်း
အထည့်ခံလိုက်ရတဲ့ဆိုက်ကိုသည်
မနက်စာပါမစားနိုင်တော့တဲ့အထိ
နုညံ့လာသောကဗျာတွေဟာ
ဘယ်သူ့ကိုများရည်းညွှန်နေလဲတွေးမိရင်
ရင်မောလာကာအသက်ရှုပါကြပ်သည်"ဟဲ့ ဂျီမင်း..ဂျီမင်း!"
"ဘာလဲ ဘယ်လိုဖြစ်လို့အော်နေတာလဲ"
"ဟို..ဟိုမှာနင့်လူ..နင့်ကဗျာဆရာ"
ပါးစပ်ထဲ၀င်တော့မယ့်ထမင်းလိပ်သည်
ပြန်ပြုတ်ကျသွားတာ
ထမင်းဗူးလေးထဲဘုတ်ကနည်းပဲ
ခက်လှမ်းလှမ်းကနေကန်တင်းထဲကို
လျှောက်လာသောကဗျာဆရာဟာပုံမှန်ပါပဲထုံးစံအတိုင်းအနက်ရောင်တွေ
တစ်ကိုယ်လုံး၀တ်ဆင်ကာ
ကျောပိုးအိတ်ခက်လျှောလျှော့
လွယ်ရင်းလျှောက်လာတာ
ဒါပေမယ့်ပုံမှန်မဟုတ်တာက
ကဗျာဆရာ့ဘေးကကောင်မလေး
ငယ်ငယ်ချောချောသေးသေးလေးရယ်
အနီရောင်ဆံပင်ရဲရဲလေးဆိုးထားတာ
ကဗျာဆရာရဲ့ဘေးမှာလိုက်ကာ
စကားတွေပြောရင်းပြုံးရယ်နေတာ
ကဗျာဆရာရဲ့မျက်နှာကတော့
ထုံးစံအတိုင်းရေပြင်ညီပဲဆိုပေမယ့်
စိတ်ထဲတော့ထောင်းကနည်း
![](https://img.wattpad.com/cover/342677521-288-k510814.jpg)