💌
"အစ်ကိုမှာထားတဲ့
အအေးလေးရ..."ကဗျာဆရာကိုအပြီခြွေချနေတာ
နှုတ်ခမ်းအောက်ကမှဲ့လေးကို
နမ်းပြီးသွားလို့ရင်တွေတဒိတ်ဒိတ်ခုန်နေပြီး
မျက်လုံးဝိုင်းကြီးတွေနဲ့အံ့ဩေစွာ
စိုက်ကြည့်နေတဲ့အချိန်
ပါးလေးတစ်ဖက်ကိုပါ
အဆင့်ကျော်ကျုးပြီးချုပ်နမ်းချင်မလို့
ချောင်းနေတာထိုအချိန်အခန်းတံခါးကိုဝုန်းကနည်း
ဖွင့်ချကာ အအေးခွက်ကိုင်၍၀င်လာသော
စားပွဲထိုးလေးသည် ထိုင်ခုံပေါ်က
နှစ်ယောက်ရဲ့အနေအထားကိုကြည့်ကာ
ဆက်ပဲ၀င်လာရမလိုပြန်ပဲထွက်သွားရမလိုနဲ့
ကြောင်ရပ်နေသည်ဝုန်း!!
"အ့..သေပါပြီ ကဗျာဆရာ!!
ဒါဘာလုပ်တာလဲ"ရုတ်တရပ်ဆန်ဆန်
အနမ်းခံလိုက်ရခြင်းနဲ့
လူမိသွားခြင်းမှာရှက်လွန်း၍
ထူပူလာပြီး ခန္ဒာကိုယ်ပေါ်အုပ်မိုးထားတဲ့
ဂျီမင်းကိုတွန်းချပစ်လိုက်ပြီးမှ
အသိ၀င်လာကာအားနာလွန်းလို့
ကဗျာဆရာဘယ်ထပြေးရမှန်းမသိတော့"ဟို.. Sorry.. Sorryပါ
ကျွန်တော်..လန့်သွားလို့
တောင်းပန်ပါတယ်"စားပွဲထိုးလေးသည်
အအေးခွက်လေးပြန်ယူ၍
ခေါင်းငုံ့အရိုအသေပေးပြီး
အခန်းတံခါးလေးပိတ်ပေးခဲ့ကာ
ပြန်ထွက်သွားတော့သည်"ဘာလုပ်မိလို့လဲ
ချစ်လို့ကြိုက်လို့နမ်းတာ
တွန်းချစရာလား!!"စူးကနည်းအော်ချလိုက်သောအသံသည်
နားနှစ်ဖက်ကိုယောင်ရမ်းကာ
လက်နဲ့အုပ်လိုက်ရတဲ့အထိ
နာသွား၍လား စိတ်တိုသွား၍လားမသိ
မျက်နှာလေးတစ်ခုလုံးနီရဲကာ
စူးစိုက်ကြည့်နေပြီး
ခေါင်းလေးငုံ့ချသွားသည်"ဟုတ်ပါတယ်
မှားသွားပါတယ် ရုတ်..ရုတ်တရပ်ဆိုတော့
လန့်..သွားလို့ပါ"တွန်းချခံရ၍နာသွားလို့စိတ်တိုတာမဟုတ်
ရိုမတ်တစ်တွေဖန်တီးပြီး
နောက်ပါးလေးတစ်ဖက်ကိုပါ
ညာတာပါတေးနဲ့နမ်းမလို့
ကြံနေတဲ့အစီအစဉ်ပျက်သွား၍
အအေးလာပို့တဲ့စားပွဲထိုးကို
ခေါင်းခေါက်ချင်နေတယ်ဆိုတာ
ကဗျာဆရာလိုရေခဲတုံးကဘယ်သိမလဲ
သို့သော်ကိုယ်တိုင်တွန်းချလိုက်ပြီးမှ
အားနာသောစိတ်နဲ့
စိတ်ပူသောစိတ်ရောကာ
ခုံပေါ်ကအတင်းဆင်းပြီးပြေးလာထူပေးတဲ့
ကဗျာဆရာကြောင့်မဆိုးတဲ့စိတ်က
ဆိုးချင်လာပြီ