💌
ကဗျာဆရာ!"
အတန်းချိန်ခဏနားတာမို့
စာကြည့်တိုက်ဘက်သွားတော့မယ့်
ကဗျာဆရာသည်လွယ်အိတ်လေး
ခက်လျှောလျှောလွယ်ကာ
သူ့ခေါ်သံကြားတာနဲ့လှည့်ကြည့်လာသည်"စာကြည့်တိုက်သွားမလို့လား
အတူတူသွားမယ်လေ""အင်း..ရပါတယ်"
ကျောပိုးအိတ်လေးလွယ်ကာ
လက်ထဲမှာဖိုင်တွဲလေးတစ်ခုကိုင်ပြီး
ဘေးကနေကပါလျက်ပါလာတဲ့
ခြေလှမ်းလေးတွေသည်မြေပြင်နဲ့မထိ
ခုန်ဆွခုန်ဆွပုံမှန်ဆိုပတ်ခ်ဂျီမင်းတို့
စာကြည့်တိုက်ဘက်
ယောင်မှား၍တောင်မသွားပါ
စာအုပ်နဲ့ထိတာနဲ့အိပ်ပျော်တတ်သော
အကျင့်ရှိပေမယ့်ချစ်မိတာကဗျာဆရာမို့
မကြိုက်သော်လဲအောင့်ကာဖတ်ပဲ"ဂျီမင်း အတန်းလစ်ပြီး
သီချင်းသွားဆိုမှာဆို
ငါလည်းလစ်ထွက်လာခဲ့ပြီ ဒိုးမယ်!"အလိုက်ကန်းဆိုးမသိသော
ပါဝါမျက်မှန်ထူထူကြီးဖြင့်
ခက်ဝေးဝေးကပြေးလာကာ
တစ်ကျောင်းလုံးကြားနိုင်သောအသံဖြင့်
အော်ချလိုက်သောဒိုလီသည်
ဆယ်ဘ၀ဆက်တိုက်လွဲနေဦးမယ့်သူမျိုး"ဟမ်..ငါက..ဘယ်တုန်းက..ပြော.."
"မနေ့ညကစာပို့တာလေ
ဘာလဲပြန်ပြရမှာလား"လက်မောင်းကိုအတင်းဆွဲလှုပ်ကာ
အလိုက်မသိတားနေတဲ့ကြားက
ဒီဘူတာကိုပဲပြန်ပြန်စိုက်လာတဲ့
ဒိုလီအားတစ်သက်လုံး
ရည်းစားမရပါစေနဲ့ဟုစိတ်ထဲက
ကြိတ်တွေးလိုက်ပြီးမျက်နှာရိပ်
မျက်နှာကဲပြလဲ အရိပ်ပြအကောင်မမြင်လာ"ငါ..စာကြည့်တိုက်သွားမလို့"
"နင်က? စာကြည့်တိုက်ကို?
ဟားဟား ရယ်စရာတွေပြောနေတယ်
လာစမ်းပါ မူမနေနဲ့သွားမယ်"