💌
ပန်းသီးရောင်ရဲနေသော
နှုတ်ခမ်းဖူးဖူးလေးရေ..ကျွန်တော့ကိုစိန်မခေါ်ဖို့မေတ္တာရပ်ခံပါတယ်
စိုလဲ့လဲ့နီထွေးနေသောနှုတ်ခမ်းလေး
ကျွန်တော့မူပိုင် ကျွန်တော့နမ်းမ၀လေးရေ
စိန်ခေါ်လို့တိမ်ပေါ်ထိလိုက်လာမိတဲ့အခါ
ကျောင်းထဲကလူတွေဟာဂျွန်ဂျောင်ကုက
ပိုပြန်ရောဆိုတဲ့မှတ်ချက်တွေအား
နားနဲ့မဆံ့ကြားရနိုင်တာမို့
နည်းနည်းလောက်လှတာလေးလျှော့ဖို့
မေတ္တာရပ်ခံပါတယ်ဗျာ..euphoria J
...
"မောင် အိမ်ရှေ့ရောက်ပြီဂျီမင်း"
"လာပြီ လာပြီ"
ကျောပိုးအိတ်ထဲစာအုပ်တစ်ချို့
ဖြစ်သလိုကောက်ထည့်လိုက်ကာ
ခေါင်းစခြေဆုံးကြည့်လို့ရတဲ့မှန်ကြည့်ရှေ့
ခြေစုံရပ်ရင်း တစ်ကိုယ်လုံး
စုန်ချည်ဆန်ချည်ကြည့်ပြီးနောက်
အခန်းထဲကပြေးထွက်သွားပြီး
လှေခါးထစ်အတိုင်းဆင်းလာသော
ခြေသံလေးတွေသည် ဝုန်းဝုန်းဒိုင်းဒိုင်း"ဟဲ့ ပတ်ခ်ကလေး
နောက်ကကျားများလိုက်လာလို့လား
ပြေးဆင်းလာလိုက်တာများ
ငါ့အိမ်လည်းပြိုပါဦးမယ်ဟယ်""နောက်ကျနေလို့ပါ မေမေရယ်"
အိမ်အပေါက်အ၀မှာ
ဖိနပ်ကလေးထိုင်စီးရင်း
လှမ်းအော်လိုက်ပြီးနောက်
ဖိနပ်ကြိုးတွေပင်ဆုံးအောင်မချည်ရသေး
ပြေးထွက်သွားခဲ့သည်"သွားပြီနော် ဒီဒီး
ပြန်လာမှတွေ့မယ်!"ခြံပေါက်ရောက်သည်နှင့်
ပန်းခြံထဲခွေခွေလေးအိပ်နေတဲ့
ဒီဒီးကိုတွေ့တော့
အော်ဟစ်နှုတ်ဆက်လိုက်ပြီး
ပြာလဲ့နေသောကောင်းကင်ကြီးအာ
မော့ကြည့်လိုက်တော့သိပ်ကိုလှနေတာ