Part 6(I) Keke, Please Scram

158 19 0
                                    

ဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်စုံနေတဲ့ high-class hotel တစ်ခုကို လက်ထပ်ပွဲတစ်ခုအတွက် reserve လုပ်တာက Kai Enရဲ့စတိုင်နဲ့ အတော်ကိုတူတယ်။ အသံုးအဖြုန်းကြီး တယ် ဖြုန်းတီးတယ် ပြီးတော့ သူရဲ့ချမ်းသာမှုတွေကို ကြွားဝါရတာကို ကြိုက်တယ်။

အချိန်တစ်ခုလုံး ကြင်ဦးစနှစ်ယောက်က ပရိသတ်အားလုံးရဲ့ အဓိကfocusပဲ။ အယ်ဖာတစ်ယောက်နဲ့ အိုမီကာတစ်ယောက်ကြား ပြီးပြည့်စုံတဲ့အတွဲတိုင်းလိုလိုက တစ်ကိုယ်တည်း အယ်ဖာနဲ့ဘီတာတွေဆီကနေပြီးတော့ အားကျနေတဲ့ ငေးမောအကြည့်တွေကို ဆွဲယူမိလိမ့်မယ်။ သူတို့ရဲ့ ကမ္ဘာကြီးကအတိအကျကို ဒီလိုမျိုးပဲ! ထူးချွန်ပြီး ကံကောင်းတဲ့သူအနည်းငယ်ကသာ သူတို့၏ပြီးပြည့်စုံတဲ့ ပါတနာကို ရှာတွေ့တာပါ။

လက်ထပ်ပွဲကို သူဝင်တဲ့အချိန်မှာ Xia Linက ကြင်ဦးစတွေဆီကနေ ဂရုတစိုက်အကွာအဝေးတစ်ခုကို သတိထားလျက် ထိန်းသိမ်းထားတယ်။ Kai Enရဲ့အိုမီကာက အမျိုးသမီးဖြစ်တယ်။

သူမရဲ့ဆံပင်မြှောက်မြှောက် ဖွာဖွာလေးနှင့်ကြော့ရှင်းတဲ့ တွန့်လေးတွေက သူမရဲ့ကောင်းမွန်ပြီး သွယ်လျတဲ့လည်တိုင်ကို ဖော်ပြနေတယ်။ တင့်တယ်လှပပြီး ညင်သာတယ်။ သူမက တစ်ချိန်လုံး ရှက်ပြုံးတစ်ခုကို သူမရဲ့မျက်နှာမှာ ဆင်မြန်းထားတယ်။

သူမဘေးဘက်မှာရှိတဲ့ အေးစက်ပြီး တသီးတသန့်ဆန်တဲ့ ယောက်ျားနဲ့ယှဉ်ရင် သိသိသာသာကွဲကွဲပြားပြားကို ‌ေပါ်လွင်နေတယ်။

သူရဲ့အကြည့်ကို Kai Enရဲ့မျက်လံုးကနေ ဖမ်းမိသွားတဲ့ အချိန်တိုင်း Xia Linကသူ့အကြည့်လိုင်းကို အောက်ဘက်ကို အမြဲရွေ့လိမ့်မယ် Zhang TianKeရဲ့ ဘက်ကို တိတ်ဆိတ်စွာ မမှီခင်ပေါ့ ။

"အချစ်"

Zhang TianKeက သူ့ကိုဒီလိုမျိုး sappy nicknameနဲ့ ခေါ်လိုက်တယ်။ ပြီးနောက်သူက 'Xia Lin ရဲ့ကောင်လေး'ဆိုတဲ့ သူရဲ့  role ကိုပြီးပြည့်စုံစွာ သရုပ်ဆောင်ခဲ့တယ်။

"ငါ့ရဲ့အိုဟောင်းနေတဲ့ ဒါလင်ကို ရှေ့နှစ်လှမ်းတိုးဖို့ ငါဒုက္ခပေးလို့ရမလား? မဟုတ်ရင် ငါလိုချင်တာရဖို့ ငါတတ်နိုင်မှာမဟုတ်ဘူး"

ငါ့ရဲ့ အရင် တခြားအရေးပါတဲ့သူတွေက အယ်ဖာတွေချည်းပဲ//ဘာသာပြန်//Where stories live. Discover now