Part9(II) Someone Said That I'm in a Relationship

137 17 0
                                    

နောက်တစ်နေ့ မနက်ခင်းမှာ သူက Xue Zenanရဲ့ ကားကို အောက်ဘက်ကကျဥ်းမြောင်းတဲ့ကားလမ်းမှာ တွေ့လိုက်ရတယ်။ Xia Linကလူကြီးမင်းကို လျှစ်လျူရှုပြီး ခေါင်းမာစွာ busကားကို စီးရင်တောင်မှ သူကcompany ကို Xue Zenanနဲ့ အချိန်အတူတူရောက်နေဦးမှာပဲဖြစ်တယ်။

သူအတွက်အလုပ်ဆင်းဖို့အချိန် ရောက်တဲ့အခါမှာ ခေါင်းဆောင်Xueက သူရဲ့ရုံးခန်းထဲကနေ ဆယ်မိနစ်လောက်စောပြီး ပျောက်သွားတယ်။ Xia Linက ဒီဟာကို အခွင့်ကောင်းယူပြီး အဆောက်အဦးကနေ လစ်ပြေးလာခဲ့တယ်။ သက်သာရာရခြင်းသက်ပြင်းတစ်ခုကို ရှိုက်ထုတ်လိုက်တယ်။ ဒါကသူဝင်ပေါက်အပြင်မှာ ပါကင်ထိုးထားတဲ့ ရင်းနှီးတဲ့ကားတစ်စင်းကို ရှာမတွေ့ခင်မှာပါ။ ဒါထက်မက သူ့ကို ကားပေါ်တက်စေဖို့ သူကovertimeကို ဆင်ခြေတစ်ခုအနေနဲ့ သုံးခဲ့တယ်။ ပြီးတော့ အဲ့ဒီကျဥ်းမြောင်းတဲ့ ကားလမ်းမရောက်ခင်အထိ သူကဘေးကင်းစွာ အိမ်ပြန်ရောက်ဖို့ ကားမောင်းပို့ခဲ့တယ်။ Xia Linက ဒါကိုနောက်ဆုံးတော့ တောင့်မခံ့နိုင်တော့ပါဘူး။

"ခင်ဗျားမောင်းဝင်သွားရင် ခင်ဗျားဝင်ပေါက်ကို ပိတ်မိသွားလိမ့်မယ် "

Xia Linရဲ့ တိုက်ခန်းအဆောက်အအုံ ဧရိယာတစ်ဝိုက်က ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်မရှိပါ‌ေချ။ လမ်းတွေက လုံလောက်အောင် ကျယ်ပြန့်နေရင်တောင်မှ ဒီလမ်းကိုသုံးနေတဲ့ တစ်ခုတည်းသော ယာဥ်အများစုကတော့ စက်ဘီးတွေပဲဖြစ်တယ်။

Xue Zenanရဲ့3-million-yuan ကား,အဲ့ဒါရဲ့ နောက်ကြည့်မှန်တွေကနေ ကားတာယာတွေအထိ ဒေသခံအာဏာရှင်ရဲ့အော်ရာတွေ ထုတ်လွှင့်နေတယ်။ ဒီဟာက သာမန်တိုက်ခန်းအဆောက်အဦးနဲ့ လုံးဝကို သဟဇာတမဖြစ်ချေ။

"ဒါကပြသနာတစ်ခုမဟုတ်ဘူး ကိုယ့်ကိုအချိန်ဆွဲနေတာရပ်လိုက်"

ကိုယ့်ကိုကိုယ် အသိတရားလုံးဝမရှိဘူး ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့ chairmanတစ်ယောက်ရဲ့ စတိုင်အတိုင်းပါပဲ။

Xia Linက သူ့မျက်လံုးတွေထဲက ပြောင်းလဲမှုကို တွေ့လိုက်တယ်။ အကြိမ်ရေမတွက်နိုင်အောင် စိတ်ဆန္ဒပြင်းပြနေတဲ့သူတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖံုးထားတဲ့သူတွေဖြစ်တယ်။

ငါ့ရဲ့ အရင် တခြားအရေးပါတဲ့သူတွေက အယ်ဖာတွေချည်းပဲ//ဘာသာပြန်//Where stories live. Discover now