Xue Zenan က Xia Linကို ကောက်ယူပြီး သူ့ကို ပွေ့သွားချိန်မှာ လူတော်တော်များများက သူတို့ကိုမြင်ခဲ့တယ်။ ဒါကြောင့် ကျင်းပရာနေရာမှာရှိတဲ့ လူတိုင်းကစတင်ပြီး တီးတိုးပြောလာကြတယ်။
မည်သို့ပင်ဖြစ်စေ Xue Zenanက အဲ့လောက်အများကြီး ဂရုစိုက်ဖို့ သူ့ကိုယ်သူ မလုပ်ဆောင်နိုင်ေချ။ သူရဲ့နှလုံးသားက ဒေါသနဲ့အတူလောင်ကျွမ်းနေတယ်။ Xia Lin ကိုဦးတည်နေတဲ့ ဒေါသနဲ့ သူ့ကိုယ်သူဦးတည်နေတဲ့ ဒေါသပဲဖြစ်တယ်။ ကြော့ရှင်းပေမဲ့ ကောင်းမွန်တဲ့ ဘီတာတစ်ယောက်နှင့် အိုမီကာတစ်ယောက်ကို ရဖို့ရန်အတွက် သူရဲ့ ဆက်ဆံရေးနဲ့ မေတ္တာကို အတုလုပ်ခဲ့တဲ့ အယ်ဖာတစ်ယောက်.......... Xia Lin ရဲ့ အချစ်အတွေ့အကြုံက ရိုးရှင်းစွာလုံးဝကို ဆိုးဝါးတယ်။ ဒီလောက်အပြင်ကို သူတစ်ချိန်က ဒိတ်ခဲ့ဖူးတဲ့ ကောလဟလထွက်ခဲ့တဲ့ ဂျူနီယာ female နဲ့ male ကျောင်းနေဖက်တစ်ယောက်ချင်းစီက Xue Zenan ကို ဒေါသကြောင့် အံ့ကြိတ်အောင်လုပ်နိုင်တယ်။
အခုမှာတော့ Xue Zenan သူရဲ့အလွန်ပူပြင်းတဲ့ သားမွှေးတွေကို မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားရတယ်။ သို့သော်လည်း လုံးဝကိုနားမလည်တဲ့ Xia Lin သူ့အိပ်ယာပေါ်မှာ လှဲနေတာကို မြင်ရတဲ့ အချိန်မှာ သူအဲ့ဒါကို နောက်တစ်ကြိမ် မဖော်ပြနိုင်တော့ေချ။
သူရဲ့necktieကို စိတ်ရှုပ်နေတဲ့အမူအရာနဲ့ လျှော့လိုက်တယ်။ Xue Zenanက သူရဲ့နဖူးပေါ်ကျနေတဲ့ ဆံပင်ကို ဆွဲယူလိုက်တယ်။ အမှန်တကယ်တိကျတဲ့ကိစ္စတွေကို အချိန်အကြာကြီးဆွဲထားတဲ့အခါ ရလဒ်တွေကတိုးပွားစွာ ဆိုးဝါးလာရုံပဲရှိတယ်။
"မင်းကဘာလို့ အရမ်းတုံးနေရတာလဲ?"
Xue Zenanက ရိုးရှင်းတဲ့စိတ်ထားနဲ့လူကို စိုက်ကြည့်လိုက်တယ်။ အိပ်ယာပေါ်မှာ လတ်တလော ငြိမ်းချမ်းစွာ အိပ်ပျော်နေတဲ့သူကိုပေါ့။
"တစ်ခါလှည့်ဖြားခံရရုံနဲ့ မလုံလောက်သေးဘူးလား? မင်းကဘာလို့ အချိန်တိုင်းအရူးလုပ်ခံနေရတာလဲ?"
Xia Linက အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေေလတယ်။ သူရူးသွပ်စွာ overtime တွေစလုပ်ကတည်းက ဒါက အလန်းဆန်းစေဆုံးအိပ်စက်ခြင်းလို့ သူယုံကြည်တယ်။ အိပ်မက်ထဲမှာ တုန့်ဆိုင်းမှု အနည်းငယ်မျှမရှိဘဲ အရင်းရှင်(သူဌေး)တွေက းရူးသွပ်ပြီး ရက်စက်သလောက် သူက သူတို့အပေါ်ကို ကျိန်စာတွေ (မိုး)ရွာချလို့ရတယ်။
YOU ARE READING
ငါ့ရဲ့ အရင် တခြားအရေးပါတဲ့သူတွေက အယ်ဖာတွေချည်းပဲ//ဘာသာပြန်//
Romance[COMPLETED] XiaLin က ဘီတာတစ်ယောက်ဖြစ်တယ် အရေးကြီးဆုံးကတော့ သူ့မှာ သူနဲ့ချိန်းတွေ့တဲ့ အယ်ဖာတွေ အကုန် သူတို့ရဲ့ ကံဇာတာပါတဲ့ အိုမီကာကို တွေ့ရလိမ့်မယ်ဆိုတဲ့ ဆန်းကြယ်သောစွမ်းရည်ရှိတယ် Xia Lin; ငါနောက်ထပ် အယ်ဖာတစ်ယောက်ကို ချိန်းတွေရင် ငါ့ key boardကိုငါ...