Xia Linကရုံးခန်းတံခါးကို ခေါက်ခဲ့ပြီး Xue Zenan ရဲ့ "ကျေးဇူးပြု၍ ဝင်ခဲ့ပါ" ဆိုတဲ့စကားကို မကြားခင်မှာတင် ဝင်ဖို့ ရွေးချယ်ခဲ့တယ်။
ဖြောင့်တန်းတည်မတ်တဲ့ အပြုအမူနဲ့ သူကမေးခဲ့တယ်။
"ခေါင်းဆောင် Xue ခင်ဗျားဘာကြောင့် ခွဲစိတ်ကုသမှုကို ခံယူခဲ့တာလဲ?"
Xue Zenanက ရှုပ်ယှက်ခတ်နေတဲ့ အလုပ်ကနေ ခွဲခွာလိုက်တယ်။ သူ့မျက်နှာက မျက်မှောင်ကြုတ်ခြင်းအဖြစ်ပြောင်းသွားတယ် ။အရင်ကလောက်သက်တောင့်သက်သာ မဖြစ်တော့ဘူး။
အဲ့ဒါက တကယ့်ကိုသေးငယ်တဲ့ ခွဲစိတ်ကုသမှုဖြစ်ပြီး ပြန်လည်သက်သာဖို့ အချိန်အကြာကြီးမလိုဘူး ဒါပေမယ့် သူရဲ့ပထမဆုံးနေ့မှာ ကသိကအောက်ဖြစ်ခြင်းကို ခံစားခဲ့ရတယ်။ လူသားမျိုးနွယ်ကလည်း သားရဲတွေလို့ယူဆလို့ရတယ်။ သူတို့ကသူတို့ရဲ့ ကွဲပြားတဲ့အာရုံတွေကိုသုံးပြီး ကမ္ဘာကြီးကိုနားလည်ဖို့ကြိုးစားကြတယ်။ အယ်ဖာတစ်ယောက်နေနဲ့ သူကရနံ့တွေပြည့်နေတဲ့ ကမ္ဘာကြီးကို နေသားကျနေခဲ့ပြီးသား ဒါပေမယ့် ရုတ်တရက်ကြီး သူကအာရုံမခံနိုင်တော့ပေ။ Xue Zenanလို နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောထားရှိသူတောင်မှ အစွန်းရောက်နေခဲ့တယ်။
ဒါကြောင့်သူက အလုပ်ကိုပြန်မသွားခင် ငါးရက်အနားယူခဲ့တယ်။
အခုတော့ ဒီဘီတာ၊ သူ့ကိုဒီလိုအရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ လမ်းပြခဲ့တဲ့သူက အဖြေကိုသိနှင့်ပြီးသော်လည်း ဘာကြောင့် သူဒီခွဲစိတ်ကုသမှုကို လုပ်ခဲ့လည်းလို့ မေးနေတယ်။
"ကိုယ်နာကျင်ရတယ်"
Xue Zenan ကဖြေခဲ့တယ်။ သူ့စကားတွေက ကလေးဆန်ပေမယ့်လည်း သူ့အသံက အေးစက်ပြီး ချွန်ထက်နေတဲ့ အသွားတွေပါတယ်။
"မင်းမြင်ဖို့အတွက် ကိုယ်ကကိုယ်ရဲ့ နှလုံးသားကို ပေးအပ်ခဲ့တယ် ဒါပေမယ့် မင်းက ကိုယ့်ကိုတခြားသူဆီ တွန်းလွှတ်တယ်"
သူဆက်ပြောခဲ့တယ်။
"Xia Lin ကိုယ်က ဒီအဓိကရုံးခွဲအပါအဝင် မြို့ရဲ့ အနောက်ဧရိယာက အိုမီကာတွေအကုန်လုံးကိုသိတယ် ဆိုတာ မင်းသတိထားမိရဲ့လား? မင်း"ကောင်လေး"ရဲ့ဂျူနီယာပါပါတယ်။ သူကတစ်ချိန်က ကိုယ့်blind date တွေထဲက တစ်ယောက်ပဲ ဒါပေမယ် ကိုယ်သူ့ကို တွေ့ဖို့ငြင်းခဲ့တယ်။"
YOU ARE READING
ငါ့ရဲ့ အရင် တခြားအရေးပါတဲ့သူတွေက အယ်ဖာတွေချည်းပဲ//ဘာသာပြန်//
Romance[COMPLETED] XiaLin က ဘီတာတစ်ယောက်ဖြစ်တယ် အရေးကြီးဆုံးကတော့ သူ့မှာ သူနဲ့ချိန်းတွေ့တဲ့ အယ်ဖာတွေ အကုန် သူတို့ရဲ့ ကံဇာတာပါတဲ့ အိုမီကာကို တွေ့ရလိမ့်မယ်ဆိုတဲ့ ဆန်းကြယ်သောစွမ်းရည်ရှိတယ် Xia Lin; ငါနောက်ထပ် အယ်ဖာတစ်ယောက်ကို ချိန်းတွေရင် ငါ့ key boardကိုငါ...