vlog1-Happy fotfot

2.8K 103 3
                                    

ဒီနေ့fotfotပျော်နေတယ်

မနက်စောစောအိမ်ကိုမေမေရောက်လာတယ်။gemကအိပ်နေတုန်းပဲ။မေမေကတပတ်စာဟင်းတွေထားခဲ့ပြီးပြန်သွားတယ်။ဒါပေမယ့်fotfotဟင်းချက်တတ်ပါတယ်!

မနက်၉နာရီထိုးပြီgemကအိပ်ယာမထဘူး။fotfot‌အစာပြေပြင်ပြီးပြီ။အပေါ်ထပ်တက်ပြီးgemကိုသွားနိုးတယ်။ဒါပေမယ့်gemကထမလာဘူး!

"Gem..ထတော့လို့"

"အင်းးး..ခဏပဲ"

Fotfotစိတ်တိုလာပြီgemကထမလာဘူး။

"Aigem!!အိပ်ယာထလို့မနေ့ကခါးကျိုးမတတ်ခံရတာငါပါနော်!!"

ဘယ်လိုနိုးနိုးထမလာတဲ့gemကြောင့်fotfotစိတ်ဆိုးသွားပြီ။ခါးကနာတယ်!မနက်စာမစားရသေးလို့ဗိုက်ကလည်းဆာတယ်!gemကထမလာဘူး။

"ဟင့်..မ‌ကောင်းတဲ့..ဟင့်..ကောင်..တော်ပြီ..မင်းကိုမခေါ်တော့ဘူးဟင့်.."

"Fourth!ဘာလို့ငိုနေတာလဲ"

ရုတ်တရပ်ထငိုတဲ့fourthကြောင့်geminiထထိုင်လိုက်သည်။
တအီအီငိုကာထွက်သွားတဲ့nong'fotfotကြောင့်gemမှာအိပ်ချင်မူးတူးနှင့်ပင်အောက်သို့ဆင်းလာလေသည်။

ကောက်စိန်လေးကဆိုဖာတွင်ထိုင်ကာငိုနေလေသည်။သက်ပြင်းယဲ့ယဲ့လေးချကာgeminiတစ်ယောက်fourthရှေ့တွင်ထိုင်လိုက်၏။

နှာခေါင်းလုံးလုံးတွေရဲတဲ့အထိငိုနေသောfourthကြောင့်gem
ဘာလုပ်ရမလဲမသိတော့ပေ။

"Fourth..ဘာလို့ငိုနေတာလဲငါ့ကိုပြောလေ"

စကားမပြောပဲအကြည့်လွဲထားတာကြောင့်fourthပါးလေးအားကိုင်ကာအကြည့်ချင်းဆုံစေလေသည်။

"Fourth..ကိုယ်အိပ်ယာမထလို့ငိုနေတာလား?တောင်းပန်ပါတယ်နော်fotfotဗိုက်ဆာနေပြီမလား..တူတူသွားစားရအောင်လေ"

အတတ်နိုင်ဆုံးချော့မော့ကာပြောပေမယ့်ထိုပေါက်စကတော့ရှိုက်ကာထိုင်နေတုန်းပေ။

"ဟင့်..ငါ..ငါခါး..နာတယ်"

ထိုအခါမှgeminiသဘောပေါက်သွားသည်။

"အော်.. fourthကခါးနာလို့လား..လာကိုယ်ထမင်းစားပွဲထိပွေ့သွားပေးမယ်"

မင်းသမီးလေးလိုပွေ့ချီကာပေါက်စအားထမင်းစားပွဲချပေးပြီမျက်နှာသစ်ရန်gemရေချိုးခန်းထဲသို့၀င်သွားသည်။

Nong'fotfot daily vlog(Geminifourth FF✅)Where stories live. Discover now