ဒီနေ့fotfotစိတ်မကြည်ပါ
မနက်နောက်ကျမှfotfotအိပ်ယာထတယ်။ဒါပေမယ့်ဘေးမှာgemမရှိဘူး။မျက်နှာမသစ်ပဲမီးဖိုချောင်ကိုပြေးသွားကြည့်တယ်၊gemမရှိပြန်ဘူး။fotfotစိတ်တိုလာပြီ။
Gemရဲ့ဖုန်းနံပတ်ကိုခေါ်ကြည့်တယ်၊စက်ပိတ်ထားပြန်တယ်။fotfotငိုချင်လာပြီ။ဒါပေမယ့်မငိုဘူး၊ဗိုက်ဆာနေလို့။
မျက်နှာမြန်မြန်သစ်ပြီးအသင့်စားခေါက်ဆွဲထုပ််နှစ်ထုပ်ပြုတ်စားလိုက်တယ်။ဒါပေမယ့်gemပြန်မလာသေးဘူး။ရာသီဥတုတအားပူတယ်။fotfotမနေတတ်တော့ဘူး။
Fotfotရေချိုးဖို့ပြင်လိုက်သည်။နေ့လည်၁နာရီထိုးတော့မယ်။gemပြန်မလာသေးဘူး။မနက်ကတည်းကfotfotနေလို့မကောင်းဘူး။
ဆိုဖာပေါ်မှာထိုင်ရင်းfotfotဖုန်းသုံးနေသည်။ဒါပေမယ့်fotfotပျော်မနေဘူး။fotfotစိတ်တိုတယ်!ဖုန်းမကိုင်တဲ့gemကိုစိတ်တိုတယ်!ပျောက်နေတဲ့gemကိုစိတ်တိုတယ်!အိမ်ပြန်မလာတဲ့gemကိုစိတ်တိုတယ်
ရုတ်တရပ်လိုင်းပေါ်တတ်လာတဲ့videoတစ်ခု၊အကြည့်မမှားဘူးဆိုရင်ဒါgemပဲ!!
ဗီဒီယိုထဲမှာgemကလက်မှတ်ထိုးနေတယ်။ရုတ်တရပ်ဖန်တစ်ယောက်က'kunnooတို့ကိုချစ်လား'လို့မေး၏။gem၏'ချစ်ပါတယ်ခ'ဟူသောအသံကြီးကိုကြားပြီးfourthပါးစပ်မဟပဲမနေနိုင်တော့ပေ။
သူ့တုန်းကကျမတရားတွေချစ်လား ချစ်လားဆိုပြီးကင်မရာတွေရှေ့မရှောင်လိုက်မေးတာတောင်တစ်ခါတစ်လေမှချစ်သည်ဟုပြန်ပြောသည့်ကောင်က
အခုတစ်ခါတည်းနဲ့... fotfotစိတ်တအားဆိုးသွားပြီ၊တင်ထားတဲ့နာရီကိုကြည့်တော့လွန်ခဲ့တဲ့၂နာရီလောက်က
Gemကသူ့ကိုမပြောပဲfanတွေနဲ့သွားတွေ့တယ်။ရုတ်တရပ်gemစီကဖုန်း၀င်လာတာမလို့fotfotကိုင်လိုက်တယ်။
'ဖုန်းတွေဆက်ထားတာလားfotfot၊ကိုယ်ဒီနေ့၊solo eventရှိလို့မပြောပဲထွက်လာလိုက်တာ'
တစ်ဖက်ကပြောနေပေမယ့်fotfotတစ်ယောက်ပြန်မဖြေပါ။စိတ်ဆိုးတယ်!!
'fot?အချစ်ကလေးဘာဖြစ်လို့လဲ?'
"ဘာမှမဖြစ်ဘူး!"
![](https://img.wattpad.com/cover/342729702-288-k158778.jpg)
YOU ARE READING
Nong'fotfot daily vlog(Geminifourth FF✅)
FanfictionFanfiction main characters-Geminifourth total chapter-8 hope you enjoy this♡