ဒီနေ့fotfotစိတ်ဆိုးနေပြန်တယ်။
မနေ့ညကဖယောင်းတိုင်မီးဘယ်ချိန်ငြိမ်းသွားလဲfotfotမသိပေ။အိပ်ယာနိုးလာတော့နေ့လည်တောင်ရောက်နေပြီ။gemကပြုံးရွှင်ကာfotfotအားအိုဗာတင်းတစ်ခွက်ဖျော်တိုက်၏။
မျက်စောင်းတစ်ချက်ထိုးကာအိုဗာတင်းအားသောက်ပြီးgemကိုfotfotစကားမပြောပါ။အပြစ်ကင်းချင်ယောင်ဆောင်နေတဲ့gemကfotfotအားလာချော့နေတယ်။
ခွင့်မလွှတ်နိုင်ဘူး!တော်ပါတော့ဆိုပြီးတောင်းဆိုနေတာကိုမကြားချင်ယောင်ဆောင်ပြီးဆက်လုပ်နေတဲ့ကျွဲလိုကောင်။
"Fourth ငါမှားပါတယ်လို့..နော်"
ခြေထောက်အားနှိပ်ပေးရင်းတောင်းပန်နေသည့်gemကိုမသိချင်ယောင်ဆောင်လိုက်သည်။ဟွန့်! nong'fotfotကစိတ်ကြီးတယ်စကားမပြောရင်မပြောဘူးပဲ!!
"Fourth!! စိတ်ဆိုးရင်တောင်စကားလေးတော့ပြန်ပြောပါနော် ငါမှားပါတယ်လို့"
Gemကfotfotစားချင်တာတွေ၀ယ်ကျွေးတယ်။တစ်နေကုန်လည်းအနားမှာနေပေးတယ်။ခြေထောက်လည်းဆေးပေးတယ်။အ၀တ်တွေလည်းလျှော်တယ်။ကွန်ဒိုကိုလည်းသန့်ရှင်းရေးလုပ်တယ်။
ဒါပေမယ့်fotfotစကားပြန်မပြောဘူး။ပျင်းလို့!ကုတင်ပေါ်တွင်အေးဆေးလှဲကာi patဖြင့်ဇာတ်ကားကြည့်နေလေသည်။အေးချမ်းလိုက်တာ။
ခဏအကြာမှာgemကအခန်းထဲ၀င်လာတယ်။အများကြီးလည်းပင်ပန်းနေသည့်ပုံ။ဒီလိုကျတော့လည်းသနားစရာ။fourthဟုခေါ်ကာကုတင်ပေါ်သို့ပစ်လှဲလာလေသည်။
ခွေးပေါက်လေးလိုတအီအီညည်းညူနေသည့်gemအားကြည့်ကာfotfotပျော်နေသည်။ခေါင်းလေးကိုပုတ်ပေးတော့gemကကလေးလိုမျိုးfotfotရင်ခွင်ထဲတိုး၀င်လာတယ်။
လည်ပင်းကိုတစ်ရှုံ့ရှုံ့လာနမ်းနေတာကြောင့်fotfotအသံထွက်သည်အထိရီမိသွားတယ်။
"ယားတယ်gem..မလုပ်နဲ့လို့အားဟားး..တော်ပြီgem!"
Gemကမရပ်ပဲစနေတုန်းပေ။စိတ်ဆိုးလိုက်မှာနော်လို့ပြောမှာရပ်ပေးသည်။ထို့နောက်သူ့အားခန္ဓာကိုယ်အလေးကြီးနဲ့တက်ဖိထား၏။
တွန်းဖယ်လို့လည်းမရ။ပြောလည်းမရတာကြောင့်fotfotဘာမှမပြောပဲဒီတိုင်းသာထားလိုက်တော့သည်။
YOU ARE READING
Nong'fotfot daily vlog(Geminifourth FF✅)
FanfictionFanfiction main characters-Geminifourth total chapter-8 hope you enjoy this♡