vlog5-candle night (18+)

2K 94 1
                                    

ဒီနေ့fotfotထူးခြားနေတယ်

၁ပတ်အကြာမှာfotfotနေပြန်ကောင်းသွားခဲ့ပြီ!ဒီနေ့nong'fotfotစိတ်ကြည်နေလို့ပန်းပင်တွေရေထွက်လောင်းနေတယ်။

ချင်းမိုင်မှာအလုပ်ရှိတဲ့gemကကွန်ဒိုမှာခဏပြန်နေတယ်။အိမ်မှာfotfotတစ်ယောက်ထဲ။မေမေကလာနေပေးရမလားမေးပေမယ့်fotfotငြင်းလိုက်တယ်။သူကွန်ဒိုကိုလိုက်သွားမှာလေဟီးဟီး။

ဖူးခက်ကိုတစ်ယောက်ထဲခရီးထွက်ပြီးကတည်းကgemအပြင်သွားတိုင်းfotfotကိုခေါ်သွားသည်။ခုလည်းလိုက်ရင်လိုက်ခဲ့လို့ရတယ်ပြောပေမယ့်fotfotမလိုက်သွားခြင်းပင်။

သူကgemကိုစပရိုက်လုပ်ချင်တာ။နေ့လည်၁နာရီဖြစ်ပြီးနေတအားပူနေတာဦးထုပ်လေးဆောင်းကာfotfotအေးအေးလူးလူးပင်ပန်းပင်လေးအားရေလောင်းနေသည်။နေနည်းနည်းကျသွားမှချင်းမိုင်ကိုသွားရမယ်။

ကိုယ်တိုင်ကကားမမောင်းတတ်ပေမယ့်လိုက်ပို့ပေးမယ့်p'markရှိလို့fotfotအဆင်တွေပြေနေလေသည်။ရေပိုက်ချကာအိမ်ထဲသို့၀င်ပြီးfotfotရေတစ်ခွက်အ၀သောက်လိုက်သည်။

ထို့နောက်ဆိုဖာပေါ်ထိုင်ရင်းgemစီကိုvideo callခေါ်လိုက်သည်။ကိုင်လာတဲ့gemကအိပ်ယာပေါ်မှာပင်။ဘာလဲ!ခုထိအိပ်ယာမထတာလား

"Gem မထသေးဘူးလား"

'ကိုယ်ဒီနေ့မနက်အစောကြီးထရတာ..ပင်ပန်းလို့ပြန်အိပ်နေတာ'

Gemပုံကိုကြည့်ရတာတစ်ကယ်ပင်ပန်းနေသည့်ပုံပင်။သို့သော်fotfotသိပ်မစိုးရိမ်ပါ။သူလိုက်သွားတော့မှာလေဟီးဟီး။

စကားအနည်းငယ်ပြောပြီးသူဖုန်းချလိုက်သည်။နာရီကြည့်တော့၁နာရီတောင်မခွဲသေးပင်။gemကိုကြည့်ရင်းသူပါအိပ်ချင်လာတာမလို့ ခပ်တည်တည်ပင်အိမ်ပေါ်ထပ်သို့ပြေးတတ်ကာ၀င်အိပ်လိုက်လေသည်။

___________________________

အိမ်ရှေ့ကကားဟွန်းတီးသံfotfotကြားတယ်၊သို့သော်ထမလာပေ။fotfotအိပ်ချင်သေးသည်။ဘေးစားပွဲပေါ်တင်ထားသည့်ဖုန်းကပါလာသည်မလို့fotfotမထချင်ပဲထလိုက်ရသည်။

"ဆာ၀ဒီခ.."

"အောင်း! fourthငါအိမ်အောက်ရောက်နေပြီ မင်းချင်းမိုင်သွားမှာဆို"

Nong'fotfot daily vlog(Geminifourth FF✅)Where stories live. Discover now