ဒီနေ့fotfotပျော်နေတယ်
မနက်စောစောအိမ်ကိုမေမေရောက်လာတယ်။gemကအိပ်နေတုန်းပဲ။မေမေကတပတ်စာဟင်းတွေထားခဲ့ပြီးပြန်သွားတယ်။ဒါပေမယ့်fotfotဟင်းချက်တတ်ပါတယ်!
မနက်၉နာရီထိုးပြီgemကအိပ်ယာမထဘူး။fotfotအစာပြေပြင်ပြီးပြီ။အပေါ်ထပ်တက်ပြီးgemကိုသွားနိုးတယ်။ဒါပေမယ့်gemကထမလာဘူး!
"Gem..ထတော့လို့"
"အင်းးး..ခဏပဲ"
Fotfotစိတ်တိုလာပြီgemကထမလာဘူး။
"Aigem!!အိပ်ယာထလို့မနေ့ကခါးကျိုးမတတ်ခံရတာငါပါနော်!!"
ဘယ်လိုနိုးနိုးထမလာတဲ့gemကြောင့်fotfotစိတ်ဆိုးသွားပြီ။ခါးကနာတယ်!မနက်စာမစားရသေးလို့ဗိုက်ကလည်းဆာတယ်!gemကထမလာဘူး။
"ဟင့်..မကောင်းတဲ့..ဟင့်..ကောင်..တော်ပြီ..မင်းကိုမခေါ်တော့ဘူးဟင့်.."
"Fourth!ဘာလို့ငိုနေတာလဲ"
ရုတ်တရပ်ထငိုတဲ့fourthကြောင့်geminiထထိုင်လိုက်သည်။
တအီအီငိုကာထွက်သွားတဲ့nong'fotfotကြောင့်gemမှာအိပ်ချင်မူးတူးနှင့်ပင်အောက်သို့ဆင်းလာလေသည်။ကောက်စိန်လေးကဆိုဖာတွင်ထိုင်ကာငိုနေလေသည်။သက်ပြင်းယဲ့ယဲ့လေးချကာgeminiတစ်ယောက်fourthရှေ့တွင်ထိုင်လိုက်၏။
နှာခေါင်းလုံးလုံးတွေရဲတဲ့အထိငိုနေသောfourthကြောင့်gem
ဘာလုပ်ရမလဲမသိတော့ပေ။"Fourth..ဘာလို့ငိုနေတာလဲငါ့ကိုပြောလေ"
စကားမပြောပဲအကြည့်လွဲထားတာကြောင့်fourthပါးလေးအားကိုင်ကာအကြည့်ချင်းဆုံစေလေသည်။
"Fourth..ကိုယ်အိပ်ယာမထလို့ငိုနေတာလား?တောင်းပန်ပါတယ်နော်fotfotဗိုက်ဆာနေပြီမလား..တူတူသွားစားရအောင်လေ"
အတတ်နိုင်ဆုံးချော့မော့ကာပြောပေမယ့်ထိုပေါက်စကတော့ရှိုက်ကာထိုင်နေတုန်းပေ။
"ဟင့်..ငါ..ငါခါး..နာတယ်"
ထိုအခါမှgeminiသဘောပေါက်သွားသည်။
"အော်.. fourthကခါးနာလို့လား..လာကိုယ်ထမင်းစားပွဲထိပွေ့သွားပေးမယ်"
မင်းသမီးလေးလိုပွေ့ချီကာပေါက်စအားထမင်းစားပွဲချပေးပြီမျက်နှာသစ်ရန်gemရေချိုးခန်းထဲသို့၀င်သွားသည်။
YOU ARE READING
Nong'fotfot daily vlog(Geminifourth FF✅)
FanfictionFanfiction main characters-Geminifourth total chapter-8 hope you enjoy this♡