ဒီနေ့fotfotငိုနေတယ်
p'markလာကြိုလို့ချင်းမိုင်ကနေfotfotအစောကြီးပြန်လာရတယ်။မသွားခင်မျက်နှာလေးညိုးနေသည်မို့gemကအားသည့်အချိန်တိုင်းဖုန်းဆက်မည်ဟုကတိပေးလေသည်။
ဘန်ကောက်သို့ပြန်နေသည့်လမ်းမှာစကားတစ်ခွန်းမှမပြောသည့်fourthကြောင့်p'markလည်းဘာပြောရမှန်းမသိဖြစ်ကာနှစ်ယောက်လုံးတိတ်ဆိတ်နေလေသည်။
အလာနှင့်မတူအောင်ပင်အပြန်လမ်းခရီးကအေးစက်စွာ။ပြတင်းပေါက်အားမှီကာမျက်ရည်လေးများဝဲနေသည့်fourth
ပုံစံကသနားစရာ။________________________
ဘန်ကောက်အိမ်သို့ပြန်ရောက်တော့မေမေကပြန်နှင့်ပြီ။အိမ်သော့နှစ်ချောင်းရှိသည်မို့ဘာမှတော့စိတ်ပူစရာမလိုပေ။p'markကကောင်လေးကိုသွားကြိုရမည်မလို့ချက်ချင်းပင်ထွက်သွားလေသည်။
တိတ်ဆိတ်နေတဲ့ဧည့်ခန်းကfotfotကိုစည်းကြိုနေလေသည်။သက်ပြင်းချလိုက်ပြီးဆိုဖာပေါ်၀င်ထိုင်ကာfotfotငိုင်နေမိသည်။
Gemတစ်မနက်လေးမရှိရင်တောင်လူကပြာယာခက်နေတာခုတော့၂ရက်ကြီးများတောင်fotfotဘယ်လိုဖြတ်သန်းရမလဲ။တွေးရင်းနှင့်ပင်fotfot၀မ်းနည်းလာသည်။
ဒီနေ့ညကိုသူတစ်ယောက်ထဲအိပ်ရမှာ။ဘန်ကောက်ရောက်သည့်အချိန်ကမွန်းလွှဲနေပြီမလို့ရေမိုးချိုးကာဘာမှမစားတော့ပဲဒီတိုင်းအိပ်ယာ၀င်လိုက်သည်။
Lionအရုပ်လေးအားဖက်ကာအမြဲတမ်းအိပ်နေကျရင်ခွင်ရဲ့ကိုယ်သင်းနံ့လေးကိုသတိရမိသည်။နာရီတွေပဲခြားသေးတယ်gemမင်းမရှိရင်ငါမနေနိုင်ဘူး!!
_____________________
Gemမရှိတဲ့တစ်ရက်သာကိုning'fotfotဘယ်လိုဖြတ်သန်းလဲ။မနက်အိပ်ယာနိုးရင်တစ်ယောက်ထဲ။မနက်စာစားလည်းတစ်ယောက်ထဲ။အပင်ရေလောင်းလဲတစ်ယောက်ထဲ။ပျင်းလို့ဖုန်းသုံးလည်းတစ်ယောက်ထဲ။
အိမ်အကြီးကြီးထဲမှာတစ်ယောက်ထဲဖြစ်နေသလိုပဲ!!စိတ်ထဲနေလို့မကောင်းလို့ထမင်းတောင်မချက်စားနိုင်အသင့်စားခေါက်ဆွဲပြုတ်သာစား၏။
ဖုန်းခေါ်မယ်ဆိုပြီးလိမ်လိုက်တဲ့ကောင်ကချင်းမိုင်မှာအလုပ်တွေတအားများနေသလိုပဲ!ခွေးလေးပိုင်ရှင်ကိုမျှော်နေသလို
gemရဲ့အ၀င်ကောကိုစောင့်နေပေမယ့်ဆက်မလာခဲ့။
YOU ARE READING
Nong'fotfot daily vlog(Geminifourth FF✅)
FanfictionFanfiction main characters-Geminifourth total chapter-8 hope you enjoy this♡