ဒီနေ့fotfotချစ်ဖို့ကောင်းနေတယ်
အိပ်ယာနိုးနိုးချင်းမြင်ရတဲ့မြင်ကွင်းလေးကgemအတွက်အများကြီးစိတ်ကိုကြည်လင်စေသည်။ပါးပေါ်ကမှဲ့နက်လေးနဲ့နှာခေါင်းလုံးလုံးလေးပေါ်ကမှဲ့ကလေးကgemမြတ်နိုးရာ။
အကြည်ဓာတ်လေးကအများကြီးပင်ပန်းသွားပုံပဲ။အကြာကြီးကြည့်နေတာတောင်နိုးမလာသေးပင်။ဒါပေမယ့်လည်းgem
ကြိုက်သည်။မနက်ခင်းလေးအနားမှာရှိနေတာကိုကြိုက်သည်။သူ့အားဆူငေါက်နေတာကိုလည်းကြိုက်သည်။အလိုမကျရင်ဆဲတာလေးကိုလည်းကြိုက်သည်။ပင်ပန်းလာရင်ကုတင်ပေါ်ကွေးကွေးလေးအိပ်နေတာကိုလည်းကြိုက်သည်။ချစ်ဖို့ကောင်းနေတာလေးကိုလည်းကြိုက်သည်။fourth nattawatဆိုသည့်အမျိုးသားလေးကိုလည်းgemချစ်သည်။
နှာခေါင်းလေးကိုခပ်ဖွဖွလေးလက်ဖြင့်တို့ကြည့်တော့fourth
ကအိအဲ့အိအဲ့ဖြင့်နိုးလာလေသည်။ထို့နောက်သူ့အားကြည့်နေလေ၏။မနေနိုင်စွာရီမိတော့fourhကသူ့လက်မောင်းအားရိုက်သည်။မျက်စောင်းလေးကလည်းမပါမဖြစ်ပေ။ချစ်ဖို့ကောင်းလွန်းတယ်!ပါးလေးအားဆွဲဆိတ်လိုက်တော့လက်ကိုပုတ်ထုတ်လေသည်။
"စိတ်ဆိုးပြန်ပြီလားfourth"
"မဆိုးပါဘူး.."
ထို့နောက်အကောင်ပေါက်ကသူ့အားကြည့်နေလေသည်။fourthရဲ့မျက်၀န်းလေးတွေကတအားလှတာ။အမြဲတမ်းတောက်ပနေတာပဲ။
"မထင်ထားဘူးနော် ငါတို့ဒီအဆင့်ထိရောက်လာလိမ့်မယ်လို့"
Gemကထိုကဲ့သို့ပြောတော့fourthကပြုံးသည်။ထို့နောက်ခေါင်းလေးအားလာပွတ်သည်။ဒါfourthရဲ့အကျင့်တစ်ခု!ချစ်ဖို့ကောင်းတယ်ထင်ရင်၊၀မ်းနည်းနေတယ်ထင်ရင်ခေါင်းအားလာပွတ်ပေးတတ်သည်။
"အင်း မထင်ထားဘူး"
မျက်၀န်းတွေကအဓိပ္ပါယ်အပြည့်။ဒီချစ်စရာကောင်းတဲ့fotfotလေးကိုနေ့တိုင်းgeminiချစ်လိုက်ရတာ။
____________________
မီးဖိုချောင်fourthမနက်စာပြင်နေတယ်၊gemကအနောက်ကနေကိုလာတစ်ကောင်လိုဖတ်ထား၏။ဟိုဖက်သွားလည်းဖတ်ဒီဖက်သွားလည်းဖတ်နဲ့လွှတ်လို့ပြောလည်းမလွှတ်။
![](https://img.wattpad.com/cover/342729702-288-k158778.jpg)
YOU ARE READING
Nong'fotfot daily vlog(Geminifourth FF✅)
FanfictionFanfiction main characters-Geminifourth total chapter-8 hope you enjoy this♡