Episode 3

343 35 0
                                    

Unicode

"Hao hyung"

"အွန်း Matthew"

"မနက်ဖြန် ကစားကွင်းသွားမလို့လိုက်မလား"

အတန်းပြီးတော့မပြန်ခင်တံခါးမှာရပ်ပြီး‌စကားပြောနေကြသည်။

"လိုက်မယ်လေ hyung လည်း ဒီက ကစားကွင်းမရောက်ဖူးသေးဘူး"

"ကျွန်တော်လည်းငယ်ငယ်တုန်းကတော့ရောက်ဖူးပေမယ့်အခုမမှတ်မိတော့လို့"

"ဘယ်သွားကြမလို့လဲ"

"ကစားကွင်းလေ Ricky လည်းလိုက်ခဲ့ပါလား လူများတော့ပိုပျော်စရာကောင်းတာပေါ့"

Matthew က Ricky ဘက်ကိုမျက်နှာလှည့်ကာပြုံးပြီးပြောလိုက်သည်။

"တော်ပါပြီ...."

"သူငယ်ပြန်နေတဲ့သူတွေသွားတဲ့နေရာမို့လို့ မလိုက်ချင်ဘူးလို့တော့မပြောနဲ့နော် သူငယ်ပြန်တာမဟုတ်ဘူး အိမ်မှာချည်းမနေချင်လို့ပတ်ဝန်းကျင်ကိုလေ့လာစူးစမ်းတာ"

Zhang Hao က Ricky ပြောနေတုန်းကြားဖြတ်ပြီးပြောလိုက်သည်။

"ကျွန်တော်လည်းအဲလိုမပြောပါဘူး မနက်ဖြန်အလုပ်ကိစ္စရှိသေးလို့မလိုက်တော့ဘူးလို့ငြင်းမလို့ပါ ဘာတွေအိုးမလုံအုံပွင့်ဖြစ်နေတာလဲ"

"မင်းအကျင့်ကိုသိလို့ကြိုပြောထားတာ မင်းကလူတိုင်းကိုအကောင်းပြောတာမဟုတ်ဘူး"

"မဟုတ်ပါဘူး ကျွန်တော်ကလူတိုင်းအပေါ်ကောင်းပါတယ် Hao ကော အပေါ်ပဲမကောင်းတာပါ"

"မင်း မင်း လာစမ်း ဒီကို ခေါင်းပြုတ်သွားအောင်ရိုက်ပစ်မယ်"

ပြေးထွက်သွားသည့် Ricky နှင့် သူ့နောက်ကို လိုက်ရိုက်နေသည့် Zhang Hao တို့ကိုကြည့်ပြီး Matthew အူတက်‌အောင်ရယ်နေရသည်။

🌹

Zhang Hao နဲ့ Matthew တို့နှစ်ယောက်မနက် 9နာရီ ကစားကွင်းရှေ့မှာဆုံဖို့ချိန်းထားကြသည်။

"Hello....Hao hyung ကျွန်တော်ရောက်နေပြီ"

"Hyung လည်းရောက်နေပြီ"

နှစ်ယောက်လုံးဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်လိုက်ကြသည်။

"Matthew ကိုတွေ့ပြီ"

My Heartbeat Says "I Love You"Where stories live. Discover now