Episode 6

292 34 1
                                    

Unicode

"ကျွန်တော်တို့သင်တန်းက လကုန်ရင်ပြီးပြီနော်"

"ဟင် လကုန်ဆိုရင် နောက်10ရက်ပဲကျန်တော့တာပေါ့"

Hao က Hanbin နှင့်နေ့တိုင်းမတွေ့ရတော့မှာကိုတွေးပူပြီးဝမ်းနည်းသည့်လေသံနှင့်ပြောလိုက်သည်။

Ricky နှင့် Matthew ကတော့ ခုံအောက်မှာတစ်ယောက်လက် တစ်ယောက်ကိုင်ပြီးကြည်နူးနေကြသည်။

"ကျွန်တော်တို့ short trip လေးတစ်ခုလောက်သွားကြမလား"

"အင်း ကောင်းသားပဲ Hanbin ရော ဒီရက်ပိုင်းအားလား"

"ဒီရက်ပိုင်းအတွင်းဆိုရင်တော့ အဆင်ပြေလောက်မယ်ဗျ"

"ဒါဆို Hanbin hyung ပဲနေရာရွေးလိုက်ပါလား ကျွန်တော်တို့ကနေရာတွေမသိလို့"

"ဟုတ်တယ် ဟုတ်တယ် မင်းပဲရွေးလိုက်"

"ဒါဆို ကျွန်တော်‌မ‌နက်ဖြန်ရွေးပြီးသွားဖို့ကိစ္စစီစဉ်လိုက်မယ် သန်ဘက်ခါလောက်သွားကျတာပေါ့ အဆင်ပြေတယ်မလား"

"ကျွန်တော်က ready ပဲ"

"ကျွန်တော်လည်း ready ပဲ"

Matthew စကားကိုသံယောင်လိုက်ပြီးလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ကြင်ကြင်နာနာ‌လေးပြုံးပြလိုက်သည်။

"ငါလည်းပြေပါတယ်"

"ဟုတ်ပြီ ဒါဆိုကျွန်တော်ပြန်တော့မယ်နော်"

"ငါလိုက်ပို့ပေးမယ်"

Hanbin ပြန်ရင်အောက်ထပ်အထိလိုက်ပို့ပေးတတ်သည့် Hao ကအခုလည်းထုံးစံမပျက် အောက်ထပ်ကိုလိုက်သွားပြန်သည်။

"အခုမှပဲလွတ်လွတ်လပ်လပ် နမ်းရတော့မယ်"

Ricky က Matthew ကိုသိမ်းကြုံးဖက်ကာ မျက်နှာတစ်ပြင်လုံးအနှံ့လိုက်နမ်းသည်။

"Someone help me"

"No one can help you"

*ရွှတ် ရွှတ် ရွှတ်*

"နေဦး ငါထွက်မပြေးပါဘူး အသက်ရူကြပ်လို့ခဏလောက်လွှတ်ပါဦး"

"မလွှတ်ပါဘူး"

"စကားပြောမလို့ လွှတ်ပါဆို"

"ဒီအတိုင်းပြော"

"ဒီအတိုင်းပြောလို့ဘယ်ရမလဲ Hao hyung မြင်သွားမှာပေါ့"

My Heartbeat Says "I Love You"Opowieści tętniące życiem. Odkryj je teraz