Episode 1

1.3K 55 0
                                    

Unicode

ကျွန်တော့်နာမည်က Seok Matthewပါ။ကျွန်တော်က Korea မှာမွေးတာဆိုပေမယ့် ကျွန်တော့်အသက် ငါးနှစ်အရွယ်ကတည်းကမိသားစုလိုက် Canada ကိုပြောင်းသွားခဲ့ရတယ်။အဲအချိန်ကတည်းက Korea ကိုအလည်သဘောအနေနဲ့ပဲလာလည်ဖြစ်တော့တယ်။ဟိုမှာဘွဲ့ရပြီးအလုပ်လည်းမလုပ်ချင်သေးတာနဲ့ Korea ကိုတစ်ယောက်တည်းပြန်လာပြီး ကျွန်တော့်ညီဝမ်းကွဲ Kim Gyuvin ရဲ့အိမ်မှာနေဖြစ်နေတယ်။

"Gyuvin!!!"

"ကျွန်တော်kitchenထဲမှာ hyung!"

ခပ်သွက်သွက်ခြေလှမ်းတွေနှင့် Gyuvin ဆီသွားလိုက်သည်။

"မဖြစ်တော့ဘူး ငါ့ကို Korean speaking class ရှာပေးတော့"

"ဘာဖြစ်လာရပြန်ပြီတုန်း"

"ဘာဖြစ်ရမှာလဲ ငါ့ရဲ့နေ့စဉ်ဖြစ်ပျက်နေကျဒုက္ခပေါ့"

"ဒီနေ့ရော ဘယ်လိုကြုံခဲ့ရလို့လဲ"

"မနေ့က blind date ဆိုပြီးမင်းအမေစီစဉ်ပေးတဲ့ကောင်မလေးနဲ့သွားတွေ့တာ ဟိုရောက်တော့အဲကောင်မလေးကိုငါက

"여자친구 있어?
(ကောင်မလေးရှိလား)

ဆိုပြီး‌မေးချင်ဇောနဲ့ မှားမေးတာ ဟိုကကြောင်တောင်တောင်လေးဖြစ်သွားပြီး‌ စားစရာလာချပေးတဲ့ waiter ကတောင်ငါ့ကိုကြောင်ကြည့်နေတယ်"

"ဟား ဟား ဟား hyung ရယ် ဟားဟား အူတက်နေပြီ ပြီးတော့ ဘာဆက်ဖြစ်သေးလဲ"

Matthew သူ့ရှေ့က Gyuvin ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးသူ့အကြောင်းကိုပြန်ဆက်သည်။

"ပြန်တောင်းပန်ပြီး အမှန်ပြန်ပြောရတာပေါ့"

"အစ်ကိုတို့နှစ်ယောက်အခြေအနေကရော"

"သူရောငါရောက ကိုယ့်အကြိုက်တွေမဟုတ်ကြတော့သူငယ်ချင်းပဲလုပ်ကြရအောင်ဆိုပြီးပဲပြောခဲ့လိုက်တယ်"

"ဒီနေ့ သိပ်ပြီးကြီးကြီးမားမား မှားမပြောခဲ့ဘူးပဲ"

"မှားတာပေါ့ ငါကသူနဲ့အခုမှစတွေ့တာဆိုတော့ formal ကျကျပြောသင့်တယ်ဆိုပြီး အဲလိုပြောလိုက်တာ မှားတာတောက်လျှောက်ပဲ သူကပြန်ထောက်ပေးနေရတယ် ဘေးကလူတွေကလည်းခဏ ခဏလှည့်ကြည့်နေကြတာ ရှက်လိုက်တာဆိုတာကွာ"

My Heartbeat Says "I Love You"Donde viven las historias. Descúbrelo ahora