Unicode
သုံးနာရီကျော်လောက်ကားမောင်းလာပြီးတဲ့အခါမှာတော့ Daegu ကိုရောက်ရှိလာပါပြီ။
"ကဲ ရောက်ပါပြီ"
"မြို့လေးကသာယာလိုက်တာနော်"
Hao ကဘေးပတ်ဝန်းကျင်ကိုစူးစမ်းရင်းပြောလိုက်သည်။
"အနောက်ကနှစ်ယောက်မနိုးကြသေးဘူးပဲ"
Ricky ကခုံကိုမှီပြီးအိပ်နေပေမဲ့ Matthew ကတော့ Ricky ပုခုံးပေါ်မှီပြီးအိပ်နေသည်။
"Hyung သူတို့ကိုနှိုးလိုက်ဦး ကျွန်တော်ပစ္စည်းတွေသွားချလိုက်မယ်"
"အွန်း"
"ဒီနှစ်ကောင်ရည်းစားမဖြစ်သေးဘူးသာပြောတာသူတို့ပုံစံတွေက ရည်းစားတွေလိုပဲ"
အိတ်ထဲကဖုန်းကိုထုတ်ပြီးအနောက်ခန်းထဲကနှစ်ယောက်ရဲ့ပုံကိုရိုက်ထားပြီးမှနှိုးလိုက်သည်။
🌹
Hanbin အထုပ်တွေချပြီးအိမ်ထဲဝင်လာတော့ ဒေါ်လေးနှင့်အဖွားကသူတို့ကိုကြိုဆိုနေကြသည်။
"အမလေး ငါမြေးကြီးကချောလာလိုက်တာ ဒီဘွားအေဆီ မလာတာတောင်ကြာပြီ"
"ကျွန်တော်ကျောင်းကိစ္စတွေနဲ့ရှုပ်နေလို့ပါအဘွားရယ်"
ပြောပြီးအဘွားကိုချွဲကာသွားဖက်လိုက်သည်။
"ဧည့်သည်တွေပါလာတာပဲ လာ လာ ထိုင်ကြသားတို့"
ဒေါ်လေးကဖော်ဖော်ရွေရွေနှင့်သူတို့ကိုထိုင်ခိုင်းသည်။
"သားတို့နာမည်တွေက..."
"အာ ကျွန်တော်က Zhang Hao ပါဗျ..........ဒီဘက်က Ricky သူနဲ့ကျွန်တော်က တရုတ်ကနေလာတာပါဗျ...ဒီတစ်ယောက်က Matthew Seok Matthew သူကတော့ ကနေဒါကပါဗျ"
ဒေါ်လေးကသူ့ကိုကြည့်ပြီးမေးလိုက်တာကြောင့်သူ့ကိုယ်သူအရင်မိတ်ဆက်လိုက်ပြီးဘေးကနှစ်ယောက်ကိုကြည့်လိုက်တော့ hyung ပဲပြောပေးပါ ဟူသောအကြည့်နှင့်သူ့ကိုကြည့်နေကြတာကြောင့်သူပဲမိတ်ဆက်ပေးလိုက်ရသည်။
"ဒီနှစ်ကတော့ဧည့်သည်အလာများတယ်ဟေ့ အဘွားကလူများရင်သိပ်ပျော်တာ"
![](https://img.wattpad.com/cover/342095409-288-k446180.jpg)
KAMU SEDANG MEMBACA
My Heartbeat Says "I Love You"
RomansaZerobaseone Main couple - Ricky × Seok Matthew Fanfiction Otp အစွဲရှိသူများမဖတ်ဖို့ အကြံပြုပါတယ်ရှင်။