Unicode
"Hyung ကိုကြည့်ရတာတအားပျော်နေသလိုပဲ ဘယ်သွားမလို့လဲ"
အိမ်ကိုပြန်ရောက်ရောက်ချင်း တက်ကြွစွာပြင်ဆင်နေသည့်အစ်ကိုဖြစ်သူကို Gyuvin လွယ်အိတ်ချွတ်ရင်းမေးလိုက်သည်။
"ဒီအတိုင်း အသိတစ်ယောက်နဲ့သွားတွေ့မလို့"
"မသိပါဘူး မျက်နှာကအရင်နေ့တွေကထက်တောက်ပနေလို့မေးကြည့်တာ.........ဒါနဲ့ hyung ရည်းစားထားဖူးလား"
"ဟင် အင်း ထားဖူးတာပေါ့ မင်းကဘာလို့မေးတာလဲ"
"ဘာရယ်တော့မဟုတ်ပါဘူး ဒီအတိုင်းသိချင်လို့ပါ ဟဲ ဟဲ ရေသွားချိုးလိုက်ဦးမယ်နော်"
Gyuvin သူအရင်စမေးပြီး သူ့ဘာသူမလုံမလဲဖြစ်ကာ အခန်းထဲဝင်သွားသည်။
"ဒီကောင် ငါ့ကိုဒီလိုလာမေးနေတာ တစ်ခုခုတော့တစ်ခုခုပဲ"
🌹
"Ricky"
"ပြောလေ hyung"
Matthew တို့အိမ်နားက ပန်းခြံမှာ Ricky က သူ့ကိုဒန်းလွှဲပေးနေသည်။
"ငါတို့နှစ်ယောက်တွဲနေတာကို Hao hyung ကိုပြောထားသေးလား"
"ဟင့်အင်း မပြောရသေးဘူးလေ ဘာဖြစ်လို့လဲ"
"ပြောလိုက်လည်းရပေမဲ့ ဘယ်သူမှမသိအောင် ခိုးပြီးတွဲရတဲ့အရသာလေးခံစားကြည့်ချင်လို့ အဲဒါမပြောသေးလို့ရလား"
Ricky ဒန်းကိုရပ်လိုက်ပြီး Matthew မျက်နှာကိုငုံ့ကြည့်လိုက်သည်။
"ငါတို့တွဲတာ တစ်လပြည့်တဲ့နေ့ကျဖွင့်ပြောကြမယ်လေ ငါကျောင်းတုန်းကသူများတွေလိုမိဘမသိအောင်ရည်းစားမထားဖူးလို့ အဲလိုခံစားချက် လေး ခံစားကြည့်ချင်လို့ပါ"
Ricky က Matthew ရဲ့ပါးပြင်လေးကိုအသည်းယားစွာငုံ့နမ်းလိုက်ပြီးမှလက်ခံကြောင်းပြောသည်။
*ရွှတ်*
"Hyung စိတ်ကျေနပ်ရင်ပြီးတာပဲ ကျွန်တော်က no problem"
ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ လူရှင်းနေသည်မို့တော်သေးသည်။
"မင်းဟာလေ ပန်းခြံကြီးထဲမှာကို"
"ကိုယ့်ချစ်သူကိုယ်နမ်းတာပဲဟာကို"
ВЫ ЧИТАЕТЕ
My Heartbeat Says "I Love You"
Любовные романыZerobaseone Main couple - Ricky × Seok Matthew Fanfiction Otp အစွဲရှိသူများမဖတ်ဖို့ အကြံပြုပါတယ်ရှင်။