Episode 9

278 18 2
                                    

Unicode

"Hyung အိမ်ရှေ့မှာ hyung ရည်းစားရောက်နေတယ်"

"ဟင်"

ရေမိုးချိုးပြီးနေ့လည်နေ့ခင်းတစ်ရေးတစ်မောအိပ်ရန်ပြင်နေတုန်းမှာပဲ Gyuvin လာခေါ်လို့အိမ်‌ရှေ့ကိုထွက်လာခဲ့သည်။

"ဖုန်းလည်းမဆက်ဘဲနဲ့ ဘာလာလုပ်တာလည်း"

"Hyung ကိုလာခေါ်တာ"

"ဘယ်သွားမလို့လဲ"

"ကျွန်တော်တို့အိမ်လေ"

"ဘာလိုက်လုပ်ရမှာလဲ"

"ဘာရယ်တော့မဟုတ်ပါဘူး Hanbin hyung ကဒီနေ့ကျွန်တော်တို့အိမ်မှာအိပ်မလို့ဆိုပြီးမနက်ကတည်းကရောက်နေတာ အဲ‌တာကြောင့် ကျွန်တော်ကလည်းကျွန်တော့်အသက်ကလေးကိုလာခေါ်တာ"

"သူတို့အတွဲ သူ့တို့ဘာသာအေးအေးဆေးဆေးနေပါစေလား မင်းကငါ့အိမ်မှာအိပ်လိုက်လေ"

"မရပါဘူး ကျွန်တော်ရှောင်ပေးလိုက်ရင် သူတို့အရမ်းပျော်သွားမှာစိုးလို့ ကျွန်တော့်အသည်းနှလုံးလေးကိုလာခေါ်တာ"

Matthew ကအားရပါးရရယ်လိုက်သည်။

"ဟားဟား ဟား စိတ်ဓာတ်လေးကောင်းလိုက်တာနော်"

"ဒါပဲလေ"

"ငါအိပ်ချင်လို့အိပ်မလို့ပါ‌ဆို"

"မအိပ်နဲ့ ကျွန်တော့်အိမ်ရောက်မှအိပ် သွားမယ်ထ"

"နေပါဦး ဘယ်လိုဖြစ်နေတာလဲအသည်းအသန်"

"Hyung ပဲအိပ်ချင်နေပြီဆို မြန်မြန်သွားပြီး ဟိုရောက်ရင်အိပ်လို့ရပြီလေ"

"....."

"လမ်းမှာ strawberry cake ဝယ်ကျွေးမယ်"

"မင်းငါ့ကိုမုန့်ကျွေးတိုင်း ခေါ်လို့ရမယ်ထင်နေတာလား!!"

ရုတ်တရက်ထအော်လိုက်သည့် Matthew ကြောင့် Ricky မှာအသက်တောင်မရှူရဲတော့။

"အေး ထင်ရင်ထင်တဲ့အတိုင်းပဲ iced coffee ရော‌နော်"

"တကယ်ကြီးစိတ်ဆိုးသွားတာလားလို့ လန့်သွားတာပဲ ကိုကိုရယ်"

"စတာ စတာ အင်္ကျီသွားထည့်လိုက်ဦးမယ်နေခဲ့ဦး"

"မနေခဲ့ဘူးလိုက်မှာ"

You've reached the end of published parts.

⏰ Last updated: Nov 23, 2023 ⏰

Add this story to your Library to get notified about new parts!

My Heartbeat Says "I Love You"Where stories live. Discover now