အပိုင်း (၁၁)

192 24 4
                                    

Part 11

ချယ်ရီလမ်းလေးထဲ ကားလေးတစ်စီးကဖြည်းဖြည်း ချင်းမောင်းနှင်လာတယ်။ ဒီနေ့က ဂျီအွန်းဆေးရုံကဆင်းတဲ့နေ့ ။ ကားလေးဟာ ခြံငယ်လေးရဲ့တစ်ခြံရဲ့ အရှေ့သို့ရောက် ရပ်တန့်သွားတယ်။ ကားပေါ်ကနေ ပထမဆုံး ဆင်းလာသူက ကြီးကြီးဆိုသူ ။ သူမက အထုတ်‌တွေချိုင့်တွေနှင့် ခြင်းတစ်ခြင်းအား သယ်ကာ အိမ်ထဲ အရင်ဝင်နှင့်သွားတယ်။  ပြီးနောက် ဟန်ယူဂျင်း နှင့် ဂျီအွန်း က ဆင်းလာတယ် ။ ဂျီအွန်းရဲ့ လက်က ပတ်တီး အသေးစားလေးတစ်ခု ယခုထိစည်းထားတုန်းပင်။

" နေ နေ ကိုကို ကျတော်ပဲသယ်ခဲ့မယ်ကိုကိုကဝင်တော့ "

အဝတ်အိတ် ထုတ်နှင့် မုန့်ထုတ်အချို့ကို သယ်မည်ပြုသည့်ဂျီအွန်းကို ယူဂျင်းကအနား အပြေးလေးလာလို့တားယူရင်း လက်ထဲက အထုတ်တွေပါ ပြန်သိမ်းယူသွားတယ်။ဂျီအွန်းက အပြုံးလေးဖြင့်သာ ခေါင်းငြိမ့်ပြရင်း  အရင်အိမ်ထဲဝင်သွားတယ် ။မဝင်ခင် ချယ်ရီ ပင်တွေရှိရာဘက် ဆွေးဆွေးမြေ့မြေ့ လှည့်ကြည့်လို့အတွေးထဲလည်း....

လွမ်းတယ် ဟောင့် ရယ် ကိုယ်တကယ် လွမ်းတယ်။ လိပ်ပြာလည်း မလုံဘူး ကတိလည်း မတည်ပေးခဲ့ဘူး ။ ပျော်အောင်လုပ်ပေးရမဲ့အစား ငိုစေခဲ့မိတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ ကံစေရာ ဇာတ်ညွှန်းက အရမ်းရက်စက်လွန်းနေခဲ့တယ်။ အဆင်မှပြေရဲ့လား ဟောင့်ရယ် ငိုနေမလား ?...ထပ်ရောတွေ့နိုင်သေးရဲ့လား

အတွေးတစ်ချို့ပထုတ်ပြီး ချယ်ရီ‌ပင်တွေဆီက အကြည့်လွဲလို့ ဂျီအွန်းကအိမ်ထဲသို့ ဝင်သွားလေတယ်။ယူဂျင်းကအထုတ်များစွဲလို့ နောက်ကနေလိုတဍဍဍင်သွား ကားလေးဟာလည်း လာရာ လမ်းလေးအတိုင်း ပြန်ထွက်သွားခဲ့လေတော့တယ်။

" ကိုကို ရေသောက်မလား "

အိမ်ထဲရောက်တာနှင့် အထုတ်တွေချကာ ထိုင်နေတဲ့ ဂျီအွန်းအား မေးလာသည့်ယူဂျင်း ။

ရှေ့ကနဖူး‌ပြေ‌ပြေလေးများမှ ချွေးစလေးများထွက်နေကာ မမောအားပဲ ကိုယ့်အား ရေသောက်မလား လာမေးနေတဲ့ ညီလေးကို ကြည့်‌နေမိတယ်။ ဒီကလေးက တအား လိမ်မာပြီး သိတတ်လာလိုက်တာ ဆိုတာ ရှေ့လျှောက် အများကြီး ကိုကိုက ချစ်ပေး မှာ အရိပ်တကြည့်ကြည့်နဲ့ပေါ့ ကို့ကိုည်ီလေးရယ် ဒီရက်တွေထဲ ညီလေးရဲ့ ခံစားချက်တွေအပေါ် မရိပ်မိခဲ့ဘူး ထင်လည်း မထင်ထားခဲ့ဘူး ...

အစ်ကို့မျက်ဝန်းကချယ်ရီတွေထက် ပိုလှတယ် Where stories live. Discover now