အပိုင်း (၁၇)

224 37 2
                                    

Part 17

အချိန်နာရီတွေကတဖြည်းဖြည်းကုန်လာတယ်။ ဆေးရုံအခန်းထဲမှာတော့ ကုတင်ပေါ်ကကောင်လေးတစ်ယောက်ရယ်  ထိုဘေးနားတွင် ထိုင်နေတဲ့ကောင်လေး  သုံးယောက်ရယ် ရှိပေမယ့် အခန်းလေးအား အေးစက်တိတ်ဆိတ်နေလို့ရှိတယ်။  အချိန်အား ဖြင့် နေ့လည် 12ကိုကျော်နေပြီမို့ ဂယူဗင်းက ဗိုက်လေးကိုအသာဖိပွတ်ရင်း ဘေးက ယူဂျင်းက်ု မသိမသာ လှည့်ကြည့်လေ၏

သူမနက်ထဲကလည်း ယူဂျင်းတို့အိမ်၌ မုန့်လည်း နည်းနည်းသာ စားခဲ့တာမို့ အစားမက်သူပီပီ နေ့လယ်စာဆို 11ကျော်တာနဲ့ စားပြီးပြီဖြစ်တဲ့ သူတွက် ခုချိန်က အရမ်းလွန်နေပြီလေ ။

" တစ်ခုခု စားချင်နေတာလား "

ထိုအခြေနေကို ယူဂျင်း ဘယ်လိုသိသွားလည်း ဂယူဗင်း မတွေူအားပါ။ သူအလျင်မြန်ပင်ခေါင်းငြိမ့်လိုက်တယ် ။ထိုအခါ ယူဂျင်းက ပြုံးအေးအေးလေးပြုံးပြတယ်။ ပြီးနောက် ရှေ့ဆုံး အစွန်မှာ ထိုင်နေကာ ငူငိုင်နေတဲ့ သူအစ်ကို့အား လှည့်ကြည့်ရပေတော့တယ် ။ ပြီးမှ တဖန် ဂယူဗင်းဘက်လှည့်လာပြီး

" သူများ‌တွေက အပူတွေနဲ့ပါဆို ခင်ဗျားဟာလေ မနက်ကလည်း အိမ်မှာ တဖြဲနှဖြဲ စားခဲ့သေးတာကို ခုဗိုက်က ဆာပြန်ပြီလား "

သူ့အစ်ကိုဘက်လှည့်သွားပြီး သွားစားမယ် လို့ပြောမလား စာင့်နေတဲ့ ဂယူဗင်းက ယူဂျင်းရဲ့ အံကြိတ်ရင်း ပြောတဲ့စကားကြောင့် ဗိုက်ထဲက စစ်ဖြစ်နေတဲ့ အကောင်တွေကို လက်ဖြင့်ပွတ်လို့ အလံဖြူပြရင်း အရှုံးပေးလိုက်တယ်။ သူမှ သူ့ကလေးလေး ငြိုငြင်တာမခံနိုင်တာပဲ ။ ဗိုက်လေးရေ ခဏသည်းခံပါဦး ပြန်မှ မင်းကို အဝကျွေးမယ် ။

ယူဂျင်းက သူပြောတာ့ ဘာမှ အထွဠ်မတတ်ပဲ ဗိုက်အား ပွတ်လို့ ခေါင်းငုံ့သွားတဲ့သူ‌ကြောင့် သနားစိတ်လေးက ဖြစ်သွားလေတယ်။ တကယ်ဆို ဒါတွေက သူနဲ့မှမဆိုင်တာပဲ ။

တောင်းပန်ပါတယ် သူငယ်ချင်းလေးရာ ခဏနေကြရင် လိုက်ဝယ်ကျွေးပါ့မယ် ။

ဂျလောက် ~~

အတွေးကိုယ်စီဖြင့် လွင့်မြောနေကြရင်း တိတ်ဆိတ်လို့ ငြိမ်နေပြန်တဲ့ အခန်းတွင်း တံခါးဂျက်ဖွင့်သံက ပီပြင်စွာ ထွက်လာပြီ ထိုင်နေတဲ့ ကောင်လေးသုံးယောက်ကလည်း ပြိုင်တူဆိုသလ်ု အခန်းတံခါးဝအား လှည့်ကြည့်တယ်။ ဝင်လာတဲ့ သူတွေကတော့ သွေးသွင်းရန် တွန်းလှည်းဖြင့် တပ်ဆင်ထားတဲ့ သွေးအိတ်အချို့နဲ့ သူနာပြုတစ်ယောက် ၊ ပြီးတော့ ‌ဒေါက်တာ ကျန်းချီနဲ့ နောက်ဆရာဝန်တစ်ယောက်  ၊ ထိုအခါမှ သုံးယောက်သား ထိုင်နေရာမှထကာ နေရာဖယ်ပေးတယ် ။

အစ်ကို့မျက်ဝန်းကချယ်ရီတွေထက် ပိုလှတယ် Donde viven las historias. Descúbrelo ahora