(Zawgyi)
Part-4
"မနေ့က အိမ်ကို ကောင်လေးတစ်ယောက်ခေါ်လာတယ်ဆို ကိုကို "
မနက်ခင်း ထမင်းဝိုင်းလေးမှာ အသံစူးစူးလေးနဲ့မေးမြန်းလာလေသော ညီလေးငယ်ရဲ့ စကားကြောင့် အထူးအဆန်း ဖြစ်သွားရလေတယ်။ ဒီကလေး ကျောင်းသွားနေတဲ့အချိန်ပါ ဘယ်လိုလုပ်သိနေရတာလည်း ?
"ဘယ်လို သိနေတာလည်း မမေးနဲ့ ကျတော်မရှိတုန်း သူစိမ်ကောင်လေးကိုအိမ်ကို ဘာလို့ခေါ်ရတာလဲ ကိုကို အရင်က အလိုမဟုတ်ပါဘူး မတော်လို့ လူဆိုးတွေဆိုဘယ်လိုလုပ်မလဲ "
သူစဉ်းစားနေတုန်းပဲ စွာတေးလန်လေးက ကပ်ကပ်လန်နေအောင်ပြန်ပြောနေပြန်တယ်။ ဒီကလေးက သူစိမ်းအိမ်ပေါ်ခေါ်လို့ စိတ်ဆိုးနေပုံပါပဲ ပြီးတော့ သူ့ကိုစိတ်ပူနေတာ။ သိချင်နေတာ သူကို ဒီအကြောင်းဘယ်သူသံတော်ဦး တင်လိုက်သလဲ ဆိုတာပဲ...
"သူစိမ်းမဟုတ်ပါဘူး ဟျောင်းနဲ့ နှစ်ခါတောင်ဆုံဖူးတဲ့ ပြီးတော့ လူကောင်းလေးပါ "
"လူကောင်းဆိုတာ သူ့နှဖူးမှာ တိပ်မကပ်ထားဘူးလေကိုကိုရ နောက်ဆို ကျတော်မရှိချိန် ဘယ်သူမှ အိမ်မခေါ်နဲ့ ကြီးကြီးကလည်း အိမ်ပြန်တာ ကြာဦးမှာ ဒုက်ခပါပဲ ကျောင်းသွားဖို့တောင်စိတ်မဖြောင့်တော့ဘူး "
ဟော ကိုယ်တော်လေးက လက်စသတ်တော့ ဒီချုံမြင်လို့ ဒီဇာတ်ထွင်နေတာကို ကိုယ့်ကိုစိတ်မချတာနဲ့ ကျောင်းမသွားတော့ဘူး ဆိုတာက ပါလာပြီ တကယ့်လူလည်လေး ...
" အမယ်လေး မောင်မင်းကြီးသား ကျတော်မျိုး ကို စိတ်ပူတာအကြောင်းပြပြီး ကျောင်းမသွားလ့်ုတော့မရဘူး သွားရမယ် စာမေးပွဲရက်တွေနီးလာပြီကို "
"ကျတော် ကပြောပြတာပါ စိတ်မချတဲ့ ဟာကို "
" စိတ်ချ ပါ ကိုကိုက ကလေးလည်းမဟုတ်ဘူး"
"ကလေးသာ ဆိုလည်း ကျောပိုးအိတ်ထဲ ထည့်သွားတယ်ကျောင်းကို လေ"
"ဟောဗျာ ဒီကောင်လေးကတော့လေ အလောက်ကြီးကျ ပိုတယ်ကွာ"
ဒီချိန်မှာ သူကအကြီးလား ကိုယ်ကအကြီးလားဆိုတာ မသဲကွဲတော့ပါဘူး။ ညီလေးကအလိုပါပဲ ကလေးဆန်တဲ့အချိန်လေးတွေလည်း ရှိသလို ခုလို ကျတော့်ကို ကလေးတစ်ယောက်ပုံစံလ်ုမျိုး ပြုမူပြောဆိုတတ်သေးတာ တကယ့် ကျတော့်တွက်မရှိမဖြစ်အားဆေးလေး ။
VOUS LISEZ
အစ်ကို့မျက်ဝန်းကချယ်ရီတွေထက် ပိုလှတယ်
Roman d'amourJi woong နဲ့ Zhang hao ရဲ့ OTP shipလေးပါ OTP အစွဲရှိသူ စန်းစန်းတင့်ဖြစ်တတ်သူများ မဖတ်ချင်မဖတ်ပါနဲ့ နော်ကိုယ်က အလို မဟုတ်ပဲ အကုန် ရှစ်တဲ့သူမို့ပါ 💙