ဇာတ်သိမ်းပိုင်း
အခန်းတွင်း တိတ်ဆိတ်နေမှုက လူအများပြားရှိနေသည်ဆိုတာ ယုံချင်ဖွယ်ရာမရှိ။ ဆေးရုံကုတင်ထက်က ကောင်လေးကိုပဲ အားလုံးက ဝိုင်းလိုံ့သြနေသယောင်ကြည့်နေကြတယ်။ ထိုထဲမှ ကောင်လေးတစ်ယောက်ကတော့ မျက်ရည်တို့ဖြင့်ပေါ့။ ထိုတိတ်ဆိတ်နေမှု အခြေနေကို ရိပ်စားမိဟန်ရှိတဲ့ ဒေါက်တာကျန်းချီကပဲ။
" သား သူက သားချစ်ရတဲ့သူလို့ သားမေမေက ပြောတာ သားတကယ်မမှတ်မိဘူး လား "
ထိုအခြေနေကြမှ ကျန်းဟောင့်က သူ့ကို မျက်ရည်တြွေဖင့်ကြည့်လေသော အမျိုးသားဟာ အေးစက်တဲ့မျက်ဝန်းများဖြင့်ကြည့်ပါတယ်။ တည်ငြိမ်စွာနဲ့ပဲ ခေါင်းတစ်ချက်ရမ်းရင်း ။
" မမှတ်မိဘူး "
ဦးနှောက်အသိဉာဏ်ထဲ ဘယ်လောက်ချစ်ပါစေဦးတော့ ကိုယ့်နား မနေချင်သူအား ဆက်၍မဆွဲထားလို။ ဒါကြောင့် ဆက်၍မတိုးပဲ ကြေအေးစွာ လက်လွှတ်ပေးရပါသည်။ ရင်နှင့်အမျှချစ်ခဲ့ရပါသော ထိုအမျိုးသား ၊ မသိဘူး ဟု ငြင်းဆိုရသည်မှာ သူ့တွက် သိပ်ခဲခက်ခဲ့သလို အာစေးမိနေသည့် လူတစ်ယောက် လို ပါးစပ် မမှတ်မိဘူး ဟူသော စကား ထွက်စေရန် အသက်အောင့်ထာူရသေး၏။
ဒါတွေ အစ်ကိုမရိပ်မိပါစေနဲ့လား။
" သားက ကြည့်ရတာ ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် သူတွက်နာကျင်စေမဲ့ အရာကို မေ့သွားတဲ့ သဘောပါပဲ ။ ပြောချင်တာက သူမေ့ချင်တဲ့သူက်ုပဲ မေ့သွားတဲ့သဘော "
ကျန်းချီရဲ့ ကောက်ချက်ချမှုကို ဂျီအွန်းက တားဆီးမရတဲ့ မျက်ရည်အချို့ အား ကျဆင်းခွင့်ပေးထားရင်း ခေါင်းတဆတ်ဆတ်ငြိမ့်လို့ အံ့ကြိတ်ကာ တံတွေးမြိုချရင်း လက်သီးအားတင်းကျပ်စွာ စုပ်ထားလေတယ်။ ကုတင်ပေါ်က ကောင်းလေးကတော့ စိတ်ထဲ ခပ်ဖွဖွ ရယ်မိပါသေးသည်။
ဆရာဝန်တွေဆိုတာ ဒီလိုပါပဲ ။ ဟန်ဆောင်မှုကို ဆေးပညာတောင်မကုစားနိုင်ခဲ့ဘူး။ မေ့ချင်တဲ့ အရာအား မေ့ခဲ့သည်တဲ့ ။ ဟုတ်ပါတယ် မေ့ချင်လွန်းလို့မဟုတ်ရပါပဲ မေ့သင့်သည်ထင်လို့ ။
" သားရယ် သေချာစဉ်းစားကြည့်ပါဦး သားရဲ့အစ်ကိုလေ ကင်မ်ဂျီအွန်းလေ သား "
YOU ARE READING
အစ်ကို့မျက်ဝန်းကချယ်ရီတွေထက် ပိုလှတယ်
RomanceJi woong နဲ့ Zhang hao ရဲ့ OTP shipလေးပါ OTP အစွဲရှိသူ စန်းစန်းတင့်ဖြစ်တတ်သူများ မဖတ်ချင်မဖတ်ပါနဲ့ နော်ကိုယ်က အလို မဟုတ်ပဲ အကုန် ရှစ်တဲ့သူမို့ပါ 💙