Part 12
ဆောင်းကုန်ခါနီး မို့ မအေးပေမယ့်အငွေ့သက်လေးတွေကကျန်သေးတာမို့ မနက်အစောဆို အနွေးထည်တို့ဖြင့်ချယ်ရီ လမ်းလေး ထက်လူအများ သွားရောက်နေကြသည်ကိုတွေ့ရတယ် ။ ဟန်ယူဂျင်းတစ်ယောက် ကတော့ သုတ်သုတ်ပျာပျာ ဖြင့် ချယ်ရီလမ်း လေးထက် ကနေ မြို့မဈေးနေရာရှိရာသို့ သွားနေလေတယ်။ အိမ်မှာ က အစ်ကိုဖြစ်သူရဲ့ ဆိုင်ကယ်အကြီးကြီးပဲ ရှိတာမို့ ဆိုင်ကယ်မဆီးတတ်တဲ့ ယူဂျင်းက ခြေလျင်သာ လာခဲ့ရသည် ။ အကြောင်းမှာ အစ်ကိုဖြစ်သူက ဖတ်ထုတ် ချဉ်စပ်လေးနဲ့ ပင်လယ်စာ စားချင်တယ်ဆိုလာသောကြောင့်ပင်။ နေသိပ်မကောင်းသေးတဲ့ အစ်ကို့ ကို ခံတွင်းတွေ့စေမဲ့အရာလေး စားစေချင်မိတာကြောင့်လည်းဖြစ်တယ်။ ဒီရက်တွင်း အစားမှ မှန်အောင်မစားခဲ့တာ ကို...
လမ်းအတော်လေးလျှောက်လာရင်း ချယ်ရီလမ်းရဲ့အကျော် မြို့ထဲ ရဲ့ဈေးတန်းတွေဆီသို့ရောက်လာလေတော့ ကိုကို နဲ့အရင်က လာ လာဝယ်စားနေကြဆိုင်လေးဆီသာ ဦးတည်ခဲ့လိုက်တယ်။
" အန်တီ ကျတော့်ကို ဖတ်ထုတ် ချဉ်စပ် သုံးပွဲ ပင်လယ် စာအစပ်အစုံသုတ် နှစ်ပွဲ ပါဆယ် ပေးပါ"
" ရမယ် ရမယ် ခဏထိုင်စောင့်ဦးနော် လူလေး "
" ဟုတ် "
ယူဂျင်းက ဆိုင်ရဲ့ စားပွဲတစ်နေရာလေးမှာ ဝင်ပြီး ထိုင်စောင့်နေလိုက်တယ်။ လက်ထဲတွင်လည်း ပိုက်ဆံတစ်ချို့အဆင်သင့်ကိုင်ထားတယ်။ ပိုက်ဆံက ကျောင်းမုန့်ဖိုးကို မသုံးပဲဆုထားတဲ့ အထဲက ခုသူ အပြင်လာတာ အိပ်ပျော်နေပြီဖြစ်တဲ့ ဂျီအွန်း မသိခင် ထွက်လာခဲ့ခြင်းဖြစ်သည်။ နေ့လည်စာ အမှီတော့ပြန်ရောက်မှာပါ ...မဟုတ်ရင် ကိုကိုနိုးနေသည့် အချိန်သာဆ်ု ဆူခံထိမှာ ကျိန်းသေ။
တစ်ခါတစ်လေ ကျတော့်ရဲ့ ချွေးနည်းစာနဲ့မဟုတ်ရင်တောင် ကျတော်မစားရက်ပဲ ဆုထားတဲ့ မုန့်ဖိုးလေးနဲ့ကိုကိုစားချင်တာလေးဝယ်ကျွေးချင်မိလို့။
"တကယ် ယူဂျင်း ဟုတ်နေတာပဲ ဟုတ်မှ ဟုတ်ပါ့မလား ဆိုးရိမ်နေတာ !! "
" ဝုန်း !! "
ပုခုံး အား ရုတ်တရက်လာဖက်ကာ ဆိုလာတဲ့ သူကြောင့် ယူဂျင်းက ထိုင်ခုံကနေ ဝုန်းခနဲထရပ်မိတယ်။ သူ့အသားကိုရင်းနှီးတဲ့သူတွေကလွဲ တစ်ခြားသူ ထိတာ မကြိုက်တဲ့ ယူဂျင်းကအတော်လေး စိတ်တိုသွားဟန် နောက်ကို လှည့်ကြည့်မိတော့ သူ့အား အပြုံးတွေဖြင့်စီးကြိုနေတဲ့သူ...
CZYTASZ
အစ်ကို့မျက်ဝန်းကချယ်ရီတွေထက် ပိုလှတယ်
RomansJi woong နဲ့ Zhang hao ရဲ့ OTP shipလေးပါ OTP အစွဲရှိသူ စန်းစန်းတင့်ဖြစ်တတ်သူများ မဖတ်ချင်မဖတ်ပါနဲ့ နော်ကိုယ်က အလို မဟုတ်ပဲ အကုန် ရှစ်တဲ့သူမို့ပါ 💙