Part 13
ဧည့်ခန်းထဲက အခြေအနေဟာ တိတ်ဆိတ်နေတယ် ။ ဂျီအွန်းက ဆိုဖာ ထိပ်ဆုံးမှာ ခြေချိတ်ထိုင်နေပြီး ရှေ့က ထိုင်နေတဲ့ လူနှစ်ယောက်ကို ကြည့်နေသလို ရှေ့ကလူနှစ်ယောက်ကလည်း တိုးတိုး တိုးတိုး ဖြင့် ...
" ခင်ဗျား ပြောတော့ ကျတော့်ဆီမှာ အစ်ကိုရှိတာ သိတယ်ဆို "
ယူဂျင်းရဲ့ အံကြိတ် ကာမေးလာတဲ့ မေးခွန်းကြောင့် ဂယူဗင်းက မျက်လုံး လေးပြူး လို့ ဘေးကယူဂျင်းကိုတစ်လှည့် ရှေ့က ဂျီအွန်းကိုတစ်လှည့် မသ်မသာ ကြည့်၍ ။
" ကိုယ်က အစ်ကိုရှိတယ်ဆိုတာပဲ သိတာ မြင်ဖူးတ်ာမှမပြောခဲ့တာ "
" ခင်ဗျားဟာလည်း လုပ်လိုင်ရင်တစ်လွှဲကြီးပဲ "
" ဘာတွေ ကြိတ်" ကြိတ် " ပြောနေတာလည်း "
တီးတိုးပြောနေတဲ့နှစ်ယောက်က ရှေ့က ကျယ်လောင်တဲ့ဂျီအွန်းအသံကြောင့် ရှေ့ကို ကြည့်လို့ ခါးကို မတ်လိုက်မိတယ်။
" ဘာမှ မပြောပါဘူး ကိုကို "
ဂျီအွန်းက ဂယူဗင်းကို မျက်စောင်းတစ်ချက် ပစ်ကျွေးရင်း ...
" အတော့ သူက သူငယ်ချင်းပေါ့ "
" ဟုတ်ပါတယ် ကိုကို "
ယူဂျင်းက ခေါင်းငြိမ့်ကာ ဖြေတော့ ဂျီအွန်းက ဂယူဗင်းဆီ အကြည့်တစ်ဖန်ပြန်ပို့တယ်။ ဂယူဗင်းကတော့ မျက်လုံးအကြည့်တို့ လွှဲကာ ဟိုကြည့်ဒီကြည့် လုပ်နေလေတယ်။
" ကျောင်းပြီးပြီလား "
" ကျတော့် မေးတာလား ? "
ဂယူဗင်းက ကိုယ့်ကို ကိုယ် လက်ညှိုးပြန်ထိုးလို့ မေးတယ်။
" မင်းမမေးလို့ ငါက ဘယ်သစ်ကုလားအုပ် သွားမေးရမှာလည်း ? "
ဂယူဗင်းက မျက်ခုံးပင့်လျက်သား ဖြင့် ပဲ ...
" ဒီရုပ်ရည်နဲ့ ဒီ ဒီဇိုင်း ကာလာအနေထားကို ကျောင်းပြီးပြီ လားလို့ မေးရလောက်တဲ့ ထိ ကျတော့်ရုပ်ရင့်နေပြီလားလို့ သေချာအောင်ပြန်မေးတာပါ အစ်ကို "
ဂျီအွန်းက ရှေ့က ဂယူဗင်းရဲ့ အဖြေကြောင့် နှာရိုးကိုတစ်ချက် ဖိနှိပ်လို့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းတယ်။ ဘယ်လို လူမျိုးကို သူငယ်ချင်းတော်ထားတာလည်း ဆိုပြီးလည်း ညြီဖစ်သူအား မေးလို့ရိုက်ပစ်ချင်မိတယ်။
YOU ARE READING
အစ်ကို့မျက်ဝန်းကချယ်ရီတွေထက် ပိုလှတယ်
RomanceJi woong နဲ့ Zhang hao ရဲ့ OTP shipလေးပါ OTP အစွဲရှိသူ စန်းစန်းတင့်ဖြစ်တတ်သူများ မဖတ်ချင်မဖတ်ပါနဲ့ နော်ကိုယ်က အလို မဟုတ်ပဲ အကုန် ရှစ်တဲ့သူမို့ပါ 💙