part 5

600 25 4
                                    

Unicode

"ရပ်ကွက်ထဲက လူပျိုအပျို အပေါင်းတို့ သူကြီးက အကုန်လုံးကိုအရေးကိစ္စပြောစရာရှိလို့ အစည်းဝေးတက်မို့ခေါ်ခိုင်းလိုက်တယ် နေ့လည်တစ်နာရီသူကြီးအိမ်ကိုလာခဲ့ပေးကြပါ တစ်အိမ်ကိုတစ်ယောက်အနည်းဆုံးလာပေးကြဖို့ ပြောလိုက်ပါတယ်"

နေ့လည် တစ်နာရီထိုး သူ‌ဌေးလည်းဖစ်အိုးစည်ရွာရဲ့သူကြီးလည်းဖစ်တဲ့ဦးပြည့်လျှံမင်းရဲ့ အိမ်ခြံဝင်းထဲတွင် စုဝေးနေသော ရပ်ကွက်သူ ရပ်ကွက်သားများ

"ကယ် မင်းတို့လူစုံပီးဆို ပြောစရာရှိတာပြောတော့မယ် "

"ဟုတ့်သူကြီး ပြောလို့ရပီဗျ ကျွန်တော်တို့လူစုံနေပီ"

"အင်မင်းတို့ကို လူစုခိုင်းတာက ရွာဦးဘုန်းကြီးကျောင်းကိစ္စပဲ တဘက်ခါဆိုရန်ကုန်ကသူဌေးတွေက ရွာဘုန်းကြီးကျောင်းအတွက်လိုတာလှူရင်း ပီးတော့ ဆွမ်းလည်းကပ်မှာတဲ့ သုံးရက်တိတိ နောက်ပီးရွာအတွက် ဇာတ် ပွဲလည်းစီစဉ်ပေးမှာတဲ့ ‌အဲ့တော့ ငါကလည်း ငါရဲ့ရပ်ကွက်သူရပ်ကွက်သားတွေကိုရွာဘုန်းကြီးကျောင်းအတွက်ဝိုင်းဝန်းကူညီပေးစေချင်တယ် တချို့ပျက်နေတဲ့အဆောင်တွေပီးတော့ဘုန်းကြီးကျောင်းအတွက်အဆောင်သစ်လည်းဆောက်ပေးမယ်ပြောတယ် ငါတို့ရွာသားတွေလည်း တက်နိုင်တဲ့ဘက်ကကူညီပေးစေချင်တယ် ပီးတော့ရွာမှာပွဲဖစ်ရင် တခြားရွာကတွေပါလာကြည့်မှာဆိုတော့ လုံခြုံရေးလည်း အဆင်ပြေအောင် ကာလသားတွေက အလှည့်ကြကင်းစောင့်ပေးဖို့ပြောချင်တယ် အခု့ပြောချင်တာတော့ဒါပဲ "

"ဟုတ်ကဲ့ပါသူကြီး ကျွန်တော်တို့အတက်နိုင်ဆုံး ဝိုင်းဝန်းကူညီပေးကြမှာပါဗျ"

"အိုခေ ငါရဲ့ရွာသားအားလုံးကို ယုံကြည်ပါတယ် အဲ့နေ့အတွက် ဦးဆောင်ဖို့ လူတွေကိုခွဲထားပေးမယ် မနက်ဖြန်ကြရင် ကာလသားခေါင်းဆောင်နဲ့အတူ ကျွန်တော့်သားမင်းသွေးနဲ့စစ်သွေးကပါ အသေးစိတ်လိုတာတွေကိုပြောပြလိမ့်မယ် အခုတော့အကုန်လုံးလည်း
ကျွန်တော့်မိန်းမသီရီနေ့လည်စာပြင်ထားပေးတာစားသွားကြပါအုံး "

"ဟုတ့်ကဲ့ပါ သူကြီး"

"မိန်းမရေ ရွာသူရွာသားတွေအတွက် စားစရာရှိတာတွေပြင်ဆင်ပီးရင် ကိုယ့်ကို မင်းသားနှစ်ယောက်ကိုခေါ်ပေးပါအုံး ကိုယ်လိုအပ်တာတွေတစ်ခါတည်းမှာကြားဖို့"

ရပ်ကျော်ရွာကျော်လေးရဲ့ အချစ်🐮Where stories live. Discover now