part 7

500 23 6
                                    

Unicode

အိုးစည်ရွာထဲသို့ဝင်လာသော FORD ကားအနက်ကြီးတစ်ကား ကြည့်လိုက်တာနဲ့ ကားကအကောင်းစားမှန်းသိတာပါတယ် အဲ့ကားကြီးကရွာလမ်းလေးအတိုင်းဝင်လာပီး ရွာသူကြီး ဦးပြည့်လျှံမင်းတို့အိမ်ရှေ့မှာတော့ ရပ်ပီးဆင်းလာကြတယ် ကားပေါ်ကပထမဆုံးဆင်းလာတာက မြန်မာ့ရင်ဖုံအင်္ကျီနဲ့ထမိန်ကိုသေသပ်လှပစွာဝတ်ဆင်ထားတဲ့ အသက်လတ်ပိုင်းအရွယ်အမျိုးသမီး မျက်နှာကလည်းကြည့်ကောင်းနေတာ မင်းသမီးကြီးလို့တောင်ထင်မှတ်ရတဲ့အထိ နောက်ထပ်ကားပေါ်ကဆင်းလာတဲ့ တစ်ယောက် ဂျင်းဘောင်းဘီအမဲအပွနဲ့တီရှပ်အဖြူကိုလိုက်ဖက်စွာဝတ်ဆင်ထားတဲ့လူငယ်ပိုင်းအရွယ်ကောင်လေးတစ်ယောက်စမတ်ကျသောကောင်းလေးလို့ပြောရင်လည်းမမှားဘူး နောက်ထပ်ကားမောင်းတဲ့နေရာကဆင်းလာတဲ့တစ်ယောက်ကတော့ ခုနကမြန်မာရင်ဖုံးနဲ့ထမိန်ကိုဝတ်ထားတဲ့အမျိုးသားထင်တယ် တည်ကြည်ပီးရင့်ကျက်တဲ့လူကြီးအသွင်နဲ့လူလတ်ပိုင်းအမျိုးသားတစ်ယောက်
သူတို့သုံးယောက်လုံး ရွာသူကြီးအိမ်သို့ ဝင်လာကြတယ်

"Aw ဧည့်သည့်တွေရောက်လာကြပီပဲ မင်္ဂလာပါဗျာ ကျနော်က အိုးစည်ရွာရဲ့သူကြီး ဦးပြည့်လျှံမင်းပါ ဒီဘက်ကတော့ကျနော့်ဇနီး ဒေါ်သီရီထွန်းပါဗျ"

"ဟုတ့်ကဲ့ပါဗျ ကျနော်က ဦးတေဇာမင်းပါ ဒါကတော့ကျနော့်ဇနီး ဒေါ်တင်မာလွင်ပါ ဟိုဘက်ကတော့ ကျနော့်ရဲ့သားဇေရာမင်းပါ တွေ့ရတာဝမ်းသာပါတယ်ဗျာ"

"ဟုတ်ကဲ့ပါခင်ဗျာ ရွာဦးဆရာတော်က အကြောင်းကြားထားလို့ သိပီးပါပီ အခုလိုကျနော်တို့ရွာဘုန်းကြီးကျောင်းကိုလာလှူဒါန်းပေးကြတဲ့အတွက် ရွာကိုယ်စား ကျနော်က ကျေးဇူးအထူးတင်ပါတယ်ဗျာ ကျနော့်အခန်းစီစဉ်ထားပေးပါတယ်ဗျ လိုတာရှိလည်းပြောပါနော် မိန်းမရေ ဧည့်သည်တွေအတွက်အခန်းလိုက်ပြလိုက်ပါအုံး အခုမှရောက်တာဆိုတော့ နားကြအုံးပေါ့ဗျာ ညနေကြမှအေးဆေးစကားပြောကြတာပေါ့"

"ကျေးဇူးပါ ဦးပြည့်လျှံမင်း ဆရာတော်ပြောတော့ရွာသူကြီးမှာသားနှစ်ယောက်ရှိတယ်ဆို "

"အော် ဟုတ်တယ်ဗျ ကျနော့်သားနှစ်ယောက်က ကျောင်းကကလေးတွေကိုမုန့်ဝေဖို့လွှတ်လိုက်လို့ ခနနေပြန်လာကြတော့မယ် ညနေကြမိတ်ဆက်ပေးမယ်နေယ် အေးဆေးနားပေါ့ မနက်ဖြန်တစ်ရက်လုံးလည်း အချိန်ရသေးတာပဲ တဘက်ခါမှအလှူကစမှာဆိုတော့ နားအုံးလေ ဦးတေဇာမင်း "

ရပ်ကျော်ရွာကျော်လေးရဲ့ အချစ်🐮Where stories live. Discover now