Part 7 (U+Z)

647 21 2
                                    

မူးနောက်နောက်နဲ့နေရတာမအီမသာမျိုး။
မျက်လုံးဖွင့်ဖို့ကိုတောင်မနည်းအားယူနေရသည့်အခြေနေပင်။
မျက်တောင်ပုတ်ခတ်ပုတ်ခတ်၃ခါလောက်လုပ်မှအမြင်အာရုံကကြည်လင်လာတော့သည်။
အခန်းဖွဲ့စည်းပုံအနံ့သက်ကအစအကုန်စိမ်းသက်နေတော့မိမိအခန်းမဟုတ်တာတော့ကျိန်းသေနေပြီ။

"ချပ်"

တံခါးဖွင့်သံနဲ့အတူ၀င်လာသူက တည်တံ့ပင်။
"တည်တံ့ မင်း ! "

"သတိရပြီလား ခေါင်းတွေကိုက်တာတွေဘာတွေရှိသေးလား။"

"ငါအိမ်ပြန်ချင်တယ်။"

"ငါကမပို့ပေးဘူးဆိုရင်ရော။"

"ရူးနေပြီလား။"

"ဟုတ်တယ် ငါရူးနေပြီ။ကြည်နူး ငါလေမင်းကိုချစ်လွန်းလို့ရူးတော့မယ်။"

"ဦးနှောက်ပျက်သွားတာလားငါ့မှာအိမ်ထောင်ရှိတယ်လေ။"

"သိတယ် သိတယ် မင်းလည်းအဲ့အကောင်ကိုချစ်လို့ယူခဲ့တာမှမဟုတ်တာ။"

"ငါ အကို့ ကိုမချစ်‌ပဲနဲ့လက်ထပ်လိုက်ရပေမဲ့ အကို့ အပေါ်ငါသံယောဇဉ်ရှိနေပြီ။"

"ကျစ် ! ပြော အဲ့အကောင်ကမင်းအပေါ်ဘာတွေများကောင်းနေလို့လဲဟမ် ! မင်းကိုငှက်တစ်ကောင်လိုသတ်မှတ်ပြီးလှောင်အိမ်ထဲထည့်ထားတာကွ ! ပိုက်ဆံရှိတယ်ဆိုတိုင်းမင်းအပေါ်ထင်တိုင်းကြဲနေတာ ! ! "

"ငါသိတယ်ဒါမဲ့ငါအကို့ ကိုချစ်မိနေပြီ ငါတောင်းပန်ပါတယ် တည်တံ့ ငါယောကျာ်းကိုငါမပြတ်နိုင်ဘူး။"

"ဘာ ! ယောကျာ်း မင်းသူ့ကိုယောကျာ်းလို့ခေါ်လိုက်တာလား ဟမ် ! "

မိမိရှေ့ကချစ်ရသူကတခြားသူကိုချစ်တဲ့အကြောင်းတွေလာပြောနေတော့ ဒေါသကအတိုင်းဆမရှိပင်။ဒေါသကြောင့်ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးကလည်းအရိုးရာပင်ထင်နေပြီ။

"ငါ အကို နဲ့ခဏခဏအတူတူနေပြီးပြီ တည်တံ့။"

ထိုစကား ထိုစကား .....ကိုဘယ်လိုတောင်မျက်နှာအမူရာမပျက်ပဲသွေးအေးအေးနဲ့ပြောထွက်ရတာလဲကွာ။
သေချာတာကတော့ တည်တံ့ ရင်ထဲယူကျုံးမရဖြစ်နေပြီ။

အလှလေးကို အကို ပိုင်တယ်{U+Z Complete}Where stories live. Discover now