Final Part (U+Z)

891 26 0
                                    

"ကြည်နူး သားရေအဆင်သင့်ဖြစ်ပြီလား အောက်မှာသားသူငယ်ချင်း ကိုဘုန်းနဲ့မေမီ တောင်ရောက်နေပြီ"

"ခဏနေသားဆင်းလာခဲ့မယ် ဒေါ်ဒေါ်"

ဖုန်းမျက်နှာပြင်ကိုမိုးလင်းကတည်းကသေချာစောင့်ကြည့်နေတာ၊အကို များဘယ်ချိန်ဖုန်းဆက်လာမလဲဆိုပြီး.......

တကယ်ဘွဲ့ယူတဲ့နေ့မှ အကို မလာကြည့်....  ဟင်းးး

လူကသာကြိမ်းမောင်းနေတာ တကယ်တော့ မျက်ရည်ကအရင်ဝဲလာမိသည်

ဘာပဲဖြစ်ဖြစ်ပါ အကို လက်ဆောင်ပေးထားတဲ့ ဆံထိုးလေးကို ဒီနေ့သေချာထိုးရမယ်။ဆံပင်ကိုအရင်ကအကို ကိုစိတ်ဆိုးပြီးညှပ်ချင်သလိုညှပ်လိုက်တာမို့ကြွက်ကိုက်ထားသလိုမညီမညာပင်။ဆံထုံး ထုံးတော့ဟိုတစ်စဒီတစ်စဆံစတွေကလည်းကျလို့။

"ဟာ တကယ်ပါပဲ ဘယ်လိုမှထုံးလို့မရ"
.......
အိမ်အောက်ထပ်ကိုဆင်းလာလာခြင်း တအံ့တဩဖြစ်နေသူမှာ ကိုဘုန်းပင်...

"ဟာ ကြည်နူး ကြည့်ကောင်းနေတာမှတအားပဲ"

"အရင်တည်းက ငါကကြည့်ကောင်းတာပါနော် "

"ဒါနဲ့ ကြည်နူး နင့်အမျိုးသားရော လာမှာလား"

"ဖုန်းတောင်မဆက်ဘူး ငါ့ကို"

"ကောင်းတာပေါ့"

"အယ်...ဘာကို"

"ဟို ..ငါ..ပြောတာက.."

"ကဲ ကဲ သွားရအောင်ငါတို့နောက်ကျနေပြီ ကွ"
~~~~~
~~~~~~
လမ်းတစ်လျှောက် အကို များဖုန်းခေါ်မလားဆိုပြီးစောင့်လိုက်ရတာ။ အကို ကတော့ ကြည်နူး ကိုမေ့သွားပြီထင်တယ်။

နဂိုတည်းကအားငယ်တက်တဲ့သူမို့ တစ်ခုခုဆိုတာနဲ့ငိုဖို့ကလွဲပြီးဘာမှမလုပ်တက်ပင်။

"ကြည်နူး ‌‌"

"ဟင်! "

"ဘာ‌တွေတွေးနေတာလဲ ခဏနေငါတို့မေဂျာအလှည့်ရောက်တော့မယ်"

"အင်း!!"

ပါမောက္ခချုပ်ရဲ့အားပေးစကားသံအဆုံးဘွဲ့ယူသူကျောင်းသားကျောင်းသူအပေါင်းကလည်းလက်ခုပ်သံတညံညံနဲ့မိမိ မိသားစု၀င်များဆီအမှတ်တရဓာတ်ပုံရိုက်ဖို့အပြေးလွှားသွားကြ၏။

You've reached the end of published parts.

⏰ Last updated: Jul 05, 2023 ⏰

Add this story to your Library to get notified about new parts!

အလှလေးကို အကို ပိုင်တယ်{U+Z Complete}Where stories live. Discover now