Part 2 U+Z

1K 30 0
                                    

ထိုနေ့ကစ၍ ကြည်နူး ဘ၀ကိုအကို ပိုင်ခဲ့တာ။ဒီနေ့ဒီချိန်ထိ။

အတိတ်သို့ခဏတာငေးမော နေတဲ့ အလှလေး အား
ခွန်းသဏ္ဍာန် တစ်ယောက် အသည်းယားမိ၏။အလှလေးဘယ်လိုလို နေနေ ခွန်း သဏ္ဍာန်မျက်လုံးထဲမှာ လှနေတာ။

ကားစက်ကိုခဏရပ်လိုက်ပြီး.....အလှလေးရှိရာဘက်ဆီမျက်နှာမူပြီး ဆံနွယ်ရှည်တို့ကို ခွန်းသဏ္ဍာန်တစ်ယောက် လက်ဖြင့် စုကိုင်ကာ ကျန်လက်တစ်ဖက်က
အလှလေး ပါးပေါ်ကမှည့်နက်နက်လေးဆီ ခစားလျက်။

"အလှလေး ဗိုက်ဆာနေပြီလား အကို တို့ဆိုင်တစ်ဆိုင်မှာတစ်ခုခု၀င်စားရအောင်။"

ထိုသို့ပြောပြီးသည်နဲ့တစ်ပြိုက်နက်......
မိမိကိုယ်ကိုစွေ့ခနဲ ပွေ့ချီကာ ဆိုင်ထဲသို့၀င်တော့မဲ့အကို့
‌ခြေလှမ်းတွေကို ကြည်နူးအလန့်တကြားတားမိလိုက်၏။

"အလှလေး ခြေဖဝါးနုနု သွေးခြည်ဉသွားမှာစိုးလို့ အကို ချီမယ် ငြိမ်ငြိမ်နေကြားလား။"

တစ်ခါတစ်လေကျ အကို့ ချစ်ပုံချစ်နည်းကထူးဆန်းသည်။

ကြည်နူး စားချင်သည့် မုန့်များကိုမှာပေးပြီး အိမ်သာထသွားတဲ့ အကို့ ကျောပြင်ကိုငေးကြည့်နေမိတယ်။

အကို့ ပုံစံကကြည်နူး မျက်လုံးထဲမှာတော့ ပုံမှန်ပင်။
အကို့ မျက်နှာကိုကြည့်ရမှာထက် အကို့ ကျောပြင်ကိုကြည့်ရတာ ကြည်နူးပိုသဘောကျသည်။အကို့ ရဲ့စူးရှတဲ့အကြည့်တွေကို ကြည်နူးရင်မဆိုင်ရဲလို့ပါ အကို....။

"ဟက်! အလှလေးပါလား မင်းခင်ပွန်းလေးကမင်းကိုထားခဲ့တာလား အကိုတို့ရှိတယ်အလှလေး  အလှလေး ကွာ တစ်နေ့တစ်ခြားကိုလှရက်လိုက်......"

ထိုစကားလုံးတွေကလေပေါ်မှာ သွေးစက်တစ်ချို့နဲ့အတူ‌ပျောက်ရှလျက်........

မိမိနားကိုဘယ်ချိန်ရောက်လာမှန်းမသိတဲ့ အကို ကထိုတဏှာရူးတွေကိုခဏလေး အတွင်း အလဲထိုးနိုင်ခဲ့တယ်။

"အလှလေး ဘာဖြစ်သွားသေးလဲ။"

"ကြည်နူးဘာမှမဖြစ်ပါဘူး အကို။'

"သွားမယ်လာ။"
ကားပေါ်ရောက်ရောက်ချင်းကြည်နူး လက်တွေကိုချုပ်ထားကာ အဖြေမရှိတဲ့မေးခွန်းတွေကိုမေးနေသောအကို့ ကို ကြည်နူးအရမ်းကြောက်တယ်။

အလှလေးကို အကို ပိုင်တယ်{U+Z Complete}Donde viven las historias. Descúbrelo ahora