Part 1 U+Z

1.8K 44 0
                                    

မနက်စောစောစီးစီးလှေကားပေါ်ကနေ ဝုန်းဒိုင်းဆင်းလာတဲ့သားဖြစ်သူကြောင့် ဒေါ်မြမာလာမှာအထိတ်အလန့်ပင်ဖြစ်လျက်

"ဟဲ့ ခွန်းသဏ္ဍာန် ဘယ်သွားမလို့လဲ။"

"အလှလေး ကိုသွားခေါ်မလို့အမေ။"

"ဟဲ့ ခေါ်တာလည်း ကောင်းကောင်းမွန်မွန်ခေါ်လေဟယ် နင့်လက်ထဲကခါးပတ်ကဘာလုပ်တာတုန်း။"

"ကောင်းကောင်းမွန်မွန်ခေါ်လို့မရရင်ရိုက်မလို့။"

"ဟဲ့ နင်ချစ်လို့ယူထားတာ မဟုတ်ဘူးလား။'

"သားသွားပြီ။"

လီဗာကိုအသားကုန်နင်းပြီး ဒေါသတကြီးထွက်သွားတဲ့သားဖြစ်သူကြောင့် ဒေါ်မြမာလာ မှာရင်ဘတ်တဖိဖိနဲ့ကျန်ခဲ့၏။

နွေရာသီမို့လို့ထင် ဖုန်တထောင်းထောင်းနဲ့ ဒီလိုစုတ်ပြတ်တဲ့ နေရာမျိုးမှာ ပုန်းနေတယ်ပေါ့ အလှလေးက
အလှလေး......
ဟုတ်တယ် အလှလေး လို့တင်စားရသည်အထိလှရက်နိုင်လွန်းသူ စိတ်မကောင်းစရာကသူကယောကျာ်းလေးဖြစ်နေတယ်။
ရွာမှာဆိုအလှလေး ကိုမသိတဲ့သူမရှိ လူတိုင်းကယောကျာ်းလေးမှန်းသိသိနဲ့တောင် လိုချင်နေကြတာ။
အလှလေး ကိုလိုချင်ပေမဲ့ အလှလေး ရဲ့ခင်ပွန်းဖြစ်သူကိုတော့တစ်ရွာလုံးကြောက်ကြသည်။

ရာသီဥတုဘယ်လောက်ပူပူ နွားစာစင်းပေးရတဲ့အလုပ်ကိုတော့မပျက်မကွက်လုပ်ပေးတယ်။ကိုယ့်မိဘတွေကိုဒီလိုတစ်ဖက်တစ်လမ်းကကူညီတော့လည်းကုသိုလ်ရတာပေါ့နော်။

ကျောလယ်လောက်ရှိတဲ့ဆံနွယ်တွေကိုဒီတိုင်းချထားပြီး ........ချွေးစလေးတွေခိုကပ်နေတဲ့ ပါးပေါ်ကစံပယ်တင်မှည့်အနက်လေးက မြင်ရသူတိုင်း ရင်ဖိုစေ၏။မထူလွန်းမပါးလွန်းတဲ့မျက်ခုံးမွှေးသွယ်သွယ်.......စပျစ်သီးလိုဝိုင်းစက်နေတဲ့ မျက်၀န်းတောက်တောက်......မီးခြစ်ဆံတောင်တင်ထားလို့ရတဲ့မျက်တောင်မွှေး......လည်တိုင်ကျော့ကျော့.....ထိုသို့ကောင်းခြင်းအဖြာဖြာပြည့်စုံနေသူကို အလှလေး လို့တင်စားတာပေါ့။

"ဟဲ့ ကြည်နူးရေ နင့်ယောကျာ်းနင့်ကိုလာခေါ်နေပြီ။"

နင့်ယောကျာ်းလာခေါ်နေပြီလို့အသံကြားတာနဲ့ လက်ထဲကကောက်ရိုးတွေကိုလွှတ်ချမိလိုက်သည်။
ကြည်နူး အဲ့လောက်တောင်အကို့ ကိုကြောက်ရတာ။

အလှလေးကို အကို ပိုင်တယ်{U+Z Complete}Donde viven las historias. Descúbrelo ahora