Part 11 (U+Z)

592 18 0
                                    

ကန်တင်းမှာထုံးစံတိုင်းမေမီတို့အဖွဲ့ကျနေပြီဖြစ်သည်။သူတို့ရယ်သံ၊စကားပြောသံတွေက ကန်တင်း တစ်ခုလုံးကိုဟိန်းလို့။

"ငါကဘာလို့ရှေ့နေလုပ်ချင်တာလဲသိလား။"

"ဘယ်သိမလဲဟ"

"ပုဒ်မတွေကြိုက်လို့ဟေ"

"ငါကကျကွာ တရားသူကြီးဖြစ်ချင်တယ်၊မင်းကိုဘယ်သူမှမချစ်ဖို့အမိန့်ထုတ်မယ်ဆိုတဲ့trendလေးjoinချင်လို့"

"ဘဲအရင်ရှာလိုက်နော်မေမီ"

"ဒီဖေ"

"ငါကလေ၀တ်ရုံအနက်ကြီး၀တ်၊ထိုင်ခုံအမြင့်ကြီးမှာထိုင်၊လက်ထဲကလေတူလိုလိုထုတဲ့ဟာလေ.."

"အမိန့်ချရင်ထုတဲ့တူကိုပြောတာမလား"

"အေး အဲ့တာ အဲ့တာ အဲ့ဒါကြီးကိုထုပြီးတရားခွင်မှာရန်ဖြစ်ချင်တာ"

"ဟား ဟား အမှုသည်တွေနဲ့ရင်ဆိုင်မှာပြောစမ်းပါ။ဘာကိုရန်ဖြစ်ချင်တာတုန်း"

"ဟီးး"

"ဟီး လုပ်‌မနေနဲ့ နင့် crushကြည်နူး လာပြီ"

"အဟမ်း အဟမ်း "

"ဆံပင်တွေဘာတွေညှပ်လို့ပါလား"

"ငါအိုက်လို့ကွာ"

ဂုတ်ထောက်လောက်ရှိတဲ့ဆံပင်တွေကိုလက်နဲ့သပ်လိုက်ပြီး...အတွေးစတစ်ခုကိုလည်းပြန်တွေးလျက်။

"ငါ့ဆံပင်ရှည်တွေကိုမြတ်နိုးပေးမဲ့သူမရှိတော့ညှပ်လိုက်တာပေါ့"

"ဟယ် ဘယ်သူကလဲ ဒီလောက်ချစ်ဖို့ကောင်းတဲ့ငါတို့ကြည်နူး လေးကို"

"အေးလေ အဲ့တာပြောတာ"

"အဟမ်း ! ! "
ချောင်းဟန့်သံကြားလိုက်တော့ မေမီ ခမျာ ပါးလေးနှစ်ဖက်ရဲတက်သွား၏။

"ဟဲ့နင်တို့တွေမနေ့ညကတက်လာတဲ့သတင်းတစ်ခုတွေ့မိလိုက်လား"

"ဟိုဘီးကြဲကြီးမိန်းမယူတော့မယ်ဆိုတဲ့သတင်းမလား"

"အေးဟယ်ငါ့NFတစ်ခွင်ပြဲပြဲစင်နေတာပဲအဲ့ဘဲပိုစ့်တွေ"

"ဘာတွေငြိမ်နေတာလဲ ကြည်နူး "
မေမီ လှမ်းပြောမှပဲ ကြည်နူး အတွေးစတို့ပျောက်ပြယ်သွားတော့သည်။

အလှလေးကို အကို ပိုင်တယ်{U+Z Complete}Donde viven las historias. Descúbrelo ahora